COVID-19 ကပ်ရောဂါနှင့် မုန်တိုင်းအန္တရာယ် ကြိုပြင်ဆင်ထားရန် ကင်ဂျုံအန် ညွှန်ကြား

COVID-19 ကပ်ရောဂါနှင့် မုန်တိုင်းအန္တရာယ် ကြိုပြင်ဆင်ထားရန် ကင်ဂျုံအန် ညွှန်ကြား

COVID-19 ကပ်ရောဂါနှင့် မုန်တိုင်းအန္တရာယ်များတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အာဏာပိုင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သြဂုတ် ၂၆ ရက်တွင် ညွှန်ကြားလိုက်သည်။ 

ကျန်းမာရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ် ခဲ့ပြီးနောက် ကင်ဂျုံအန်သည် စပ်တပ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ထိပ်တန်းခေါင်း ဆောင်များနှင့် အစည်းအဝေး ပြုလုပ်နေသည့်ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။ မြောက်ကိုရီးယားသည် COVID-19 ကူးစက်သူ မရှိသေးကြောင်း သတင်းများက ဖော်ပြသော်လည်း ကူးစက်မှု ကြီးမားလာပါက အထိနာမည့် အကြောင်းအရင်းများ ရှိ နေသည်။ ထို့ပြင် လာမည့်တစ်ပတ်တွင်လည်း မြောက်ကိုရီးယားသို့ တိုင်ဖွန်းမုန်တိုင်း တစ်လုံး ဝင်ရောက်လာရန် ရှိနေသည်။

သြဂုတ် ၂၅ ရက်နေ့က ကျင်းပခဲ့သော အလုပ်သမားပါတီ ညီလာခံတွင် ကင်ဂျုံ အန်က စီးကရက်ကိုဖွာရင်းဖြင့် COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

မြောက်ကိုရီးယားသည် လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု မရှိသေး ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း လေ့လာသူများကမူ ယင်းကြေ ညာချက်အပေါ် သံသယရှိနေသည်။

ထိုင်ဝမ်အရှေ့ ကမ်းရိုးတန်းမှ စတင်ခဲ့သော တိုင်ဖွန်းဘာဗီသည် ကိုရီးယား ကျွန်းဆွယ်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဖြစ်သည်။ မြောက်ကိုရီးယားရှိ လူဦးရေ ၁၀ သန်းသည် စားနပ်ရိက္ခာ အခက်အခဲ ကြုံရနိုင်ကြောင်း ကုလသမဂက ပြောဆိုထားသည်။