သြဂုတ် ၂၈ ရက် သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းအရင်းအမြစ် ၃ ခု၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာ နက ဖော်ပြသည်။ အာဘေးသည် ပြီးခဲ့သည့် ၁၄ရက်အတွင်းတွင် ဆေးရုံသို့ နှစ်ကြိမ် တိုင် သွားရောက်ခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ရသည်။
ဝန်ကြီးချုပ်သည် သြဂုတ် ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အာဘေးသည် အဆိုပါ သတင်း စာရှင်းလင်းပွဲတွင် ၎င်း၏ ကျန်းမာရေးအခြေအနေအား ရှင်းလင်းတင်ပြရန် ရည်ရွယ် ထားပြီး COVID-19 ကပ်ရောဂါအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေပုံများကို ရှင်း လင်းမည်ဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
ဆရာဝန်များနှင့် တိုင်ပင်မှုများ ပြုလုပ်ရာတွင် ဆေးရုံသို့ တိုက်ရိုက်သွားရောက် နိုင်သလို တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ဆေးရုံသို့ နှစ်ကြိမ်တိုင်သွားရောက်ခဲ့သော်လည်း ဝန်ကြီးချုပ် အာဘေး၏ ကျန်းမာရေးအခြေအနေကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
ဂျပန် စီးပွားရေးဝန်ကြီး ယာဆူတိုရှီနီရှီမူရာကမူ ပြီးခဲ့သည့် နှစ်ပတ်အတွင်း၌ ဝန်ကြီးချုပ်အနေဖြင့် လွန်စွာ ပင်ပန်းနေခဲ့သော်လည်း သြဂုတ် ၂၄ တွင်မူ ကျန်းမာရေး အလွန်ပင် ကောင်းမွန်လာကာ ဝန်ကြီးအဖွဲ့အား လုပ်ဆောင်နေကျအတိုင်း ညွှန်ကြား ချက်များစွာကို ပြောဆိုခဲ့သည်ဟု ဖွင့်ဟသည်။
အာဘေးသည် ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သည်။

















