ပေကျင်းရှိ ဆေးရုံများအားလုံးတွင် COVID-19 လူနာများ ကင်းစင်သွားပြီဖြစ်

ပေကျင်းရှိ ဆေးရုံများအားလုံးတွင် COVID-19 လူနာများ ကင်းစင်သွားပြီဖြစ်

သြဂုတ် ၂၅ ရက်တွင် ပေကျင်းရှိ ဆေးရုံများအားလုံး၌ COVID-19 လူနာ လုံး၀ ကင်းစင်သွားပြီဖြစ်ကြောင်းနှင့် နောက်ဆုံးကျန်ရှိသည့် လူနာနှစ်ဦးမှာလည်း ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ် ၂၆ တွင် ပြောဆိုသည်။

သြဂုတ် ၂၅ ရက်တွင် ဆေးရုံမှဆင်းသူ နှစ်ဦးသည် ပေကျင်းမြို့ရှိ ဒိုင်တန် ဆေး ရုံတွင် ကုသမှု ခံယူခဲ့သူများဖြစ်ကြသည်။ ယင်းတို့ထဲမှ တစ်ဦးသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီယန်မြို့နှင့် ဆက်စပ်မှုရှိနေသည်။ အခြားတစ်ဦးမှာမူ ပြည်ပမှ ပြန်လာသူတစ်ဦးဖြစ်သည်ဟု ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေကျင်းတွင် သြဂုတ် ၂၅ရက်၌ COVID-19 ကူးစက်သူသစ် လုံးဝမရှိသလို ရောဂါလက္ခဏာ ပြသနေသူလည်း မရှိကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

COVID-19 စတင်ကူးစက်သည့် တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၈၄၆၅၂ ဦး ရှိပြီး သေဆုံးသူ ၄၆၃၄ ဦး ရှိနေကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။

COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ထိပ်တန်းအာဏာပိုင်များက သြဂုတ် ၂၅ တွင် တိုက်တွန်းခဲ့ပြီး သုတေသနပြုခြင်း၊ ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်မြှင့် ရန် တိုက်တွန်းခဲ့သည်။

သို့ရာတွင် ထုတ်လုပ်ရရှိလာသော ကာကွယ်ဆေးသည် ဘေး ကင်းလုံခြုံစိတ်ချရပြီး ထိရောက်မှုရှိရန်လည်း အရေးကြီးကြောင်း အာဏာရ ကွန်မြူနစ် ပါတီ အကြီးအကဲတစ်ဦးဖြစ်သူ ဝမ်ချန်က သြဂုတ် ၂၅ တွင် ပြောဆိုသွားခဲ့သည်။