မြိတ်မြို့ ကမ်းနားအနီးအုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုသူ ၁၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီး

မြိတ်မြို့ ကမ်းနားအနီးအုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုသူ ၁၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီး

မြိတ်မြို့ ကမ်းနား အနီးအုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုသူ ၁၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သြဂုတ် ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

သြဂုတ်၂၅ရက်ည ၆ နာရီခွဲအချိန်တွင် မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာအုပ်စု၊ရွှေပေးကျေးရွာနေ မင်းခန့်ထည်(၂၀)နှစ်သည် ညီဖြစ်သူ လင်းလင့်သော်၊သူငယ်ချင်းဖြစ်သူ ခန့်ဝင်းချစ်(ခ)ချစ်ချစ်၊ကောင်းထက်ပိုင်နှင့်ချစ်မြတ်အောင်တို့နှင့်အတူ မြိတ်မြို့၊ကမ်းနားလမ်းဘက်သို့အလည်ပတ်သွားရောက်ခဲ့သည်။

ည၈နာရီခွဲအချိန် Sea View Condo ရှေ့မှပြန်လာခဲ့ကြောင်း၊မြိတ်ကုန်တိုက်နားအရောက်တွင်အမည်မသိလူငယ်(၁၅)ဦးခန့်ကိုတွေ့ရှိရပြီး၎င်းတို့ရှေ့မှဆိုင်ကယ်ကိုဖြတ်မောင်းစဉ် မင်းခန့်ထည်တို့ကို မကြားဝံ့မနာသာအောင်ညစ်ညမ်းစွာဆဲဆိုခဲ့သည်။

၎င်းမှဆိုင်ကယ်ကိုရပ်တန့်၍အောက်ဆင်းခဲ့ရာ အဆိုပါလူငယ်(၁၅)ဦးခန့်မှလက်သီးဖြင့်ဝင်ရောက်ထိုးကြိတ်၊ဓားနှင့်ခုတ်သဖြင့်ထွက်ပြေးခဲ့စဉ် ပတ်ဝန်းကျင်မှ“ကာရံတို့အုပ်စုရန်ဖြစ်နေပြီ” ဟုအော်ပြောသံကြားရပြီး ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်ကို ၎င်းတို့ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မြိတ်မြို့မရဲစခန်း(ပ)၉၆၃/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၄/၃၂၆/၄၂၇/၁၁၄ အရအမှုဖွင့်ကာ ကျော်ဝင်း(ခ)ကာရံပါ(၁၀)ဦးကိုအခင်းဖြစ်နေရာတွင်အသုံးပြုခဲ့သည့် ဓား(၃)ချောင်းနှင့် နေအိမ်များမှ ဖမ်းဆီးခဲ့ပြီး ကျန်ရှိသူ များကို ဆက်လက်စစ်ဆေးရန် စုံစမ်းလျက်ရှိသည်။