ဓမ္မတာနှင့်ဆန့်ကျင်လိင်ဆက်ဆံမှုဖြင့် လူငယ်အဆိုတော်တစ်ဦးကို ဇနီးဖြစ်သူက အမှုဖွင့်

ဓမ္မတာနှင့်ဆန့်ကျင်လိင်ဆက်ဆံမှုဖြင့် လူငယ်အဆိုတော်တစ်ဦးကို ဇနီးဖြစ်သူက အမှုဖွင့်

မြန်မာနိုင်ငံတစ်ဝန်းပရိတ်သတ်အားပေးမှုအများဆုံးဖြစ်ခဲ့သည့် အဆိုပြိုင်ပွဲတစ်ခုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အဆိုတော်တစ်ဦးကို ဓမ္မတာဖြင့် ဆန့်ကျင်လိင်ဆက်ဆံခဲ့သည်ဆိုကာ ဇနီးဖြစ်သူက အမှုဖွင့်တိုင်ကြားကာ ဖမ်းဆီးရမန်ယူထားကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ဒေါပုံမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အဆိုပါအမျိုးသားမှာ အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူကို ထိုးကြိတ်ရိုက်နှက်ခြင်းများ၊ ဓမ္မတာနှင့်ဆန့်ကျင်လိင်ဆက်ဆံခြင်းများပြုမူခဲ့ခြင်းကြောင့် ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးတရားရုံးသို့ ချုပ်ရမန်တောင်းယူခဲ့ကြောင်း အဆိုပါမြို့မရဲစခန်းက သိရပါသည်။

ဒေါပုံမြို့နယ် တရားရုံးမှာ လက်တလောပြုပြင်နေခြင်းကြောင့် ကျောက်တံတားမြို့နယ် တရားရုံး သို့ချုပ်ရ မန်တောင်းခံခဲ့ရာ တရားရုံးကစက်တင်ဘာ ၄ ရက်နေ့ အထိချုပ်ရမန်ပေးခဲ့သည်။၂၀၁၆ ခုနှစ်တွင် တိုင်ကြားသူ အမျိုးသမီးနှင့်ဒေါပုံမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တရားဝင်လက်ထပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှစတင်ကာ ထိုးကြိတ်ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သော်လည်း၄င်းအမျိုးသား၏ ဂုဏ်သိက္ခာနှင့်အမည်ထိခိုက်နစ်နာမည်ဆိုးသောကြောင့် တိုင်ကြားမှုမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ တိုင်ကြားချက်တွင်ပါရှိသည်။

လင်မယားချင်းအတူနေထိုင်ချိန်အတွင်း ဓမ္မတာနှင့်ဆန့်ကျင်သည့် လိင်ဆက်ဆံမှုများပြုလုပ်ခဲ့သည့်အပြင် သီချင်းဆိုပြိုင်ပွဲပြီးဆုံးသည့် နောက်ပိုင်း ၂၀၂၀ မေလ ၉ ရက်နေ့ ည ပိုင်းတွင်လည်း နေအိမ်တိုက် ခန်းသို့ ရောက်ရှိလာပြီး ဓမ္မတာနှင့်ဆန့်ကျင်သည့်လိင်ဆက်ဆံမှုများပြုလုပ်ခဲ့ခြင်းကြောင့် အရေးယူပေးရန် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရဲစခန်းသို့တိုင်ကြားခဲ့သည်။

ဒေါပုံမြို့မ ရဲစခန်းတွင် (ပ) ၅၁၉/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ အရ အမှုဖွင့်ကာ အသက် ၂၅ နှစ်အရွယ် ၄င်းအမျိုးသားကို သြဂုတ် ၂၅ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး ရမန်ယူကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။