ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါသူ အမျိုးသမီးထံမှ သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါသူ အမျိုးသမီးထံမှ သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၇ ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ အေးရှားဝေါလ်တိုးဂိတ် ဟောင်းအနီးတွင် မူဆယ်မှ မန္တလေး သို့မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့တားဆီးရှာဖွေခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ ခရီးသည် မပိုးအိဖြူ ၃၇ နှစ်၏ ခရီး ဆောင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ပြား ကာလတန်ဖိုး ၁၄၄ သိန်း)၊ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၂ ကီလို ကာလတန်ဖိုးသိန်း ၂၂၀၀ ၊ မြန်မာငွေ ၉၅၅၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။၄င်းကို ပိတ်ချင်းမြောင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်စုံစမ်းလျက်ရှိသည်။