ဂျကာတာ သြဂုတ် ၂၇ - ကိုယ့်အားကိုယ်ကိုးရန် COVID-19 ကူးစက်ရောဂါက သတိပေးလိုက်ပြီဖြစ်သောကြောင့် အင်ဒိုနီးရှားနိုင်ငံသည် လိုအပ်သော ဆေးဝါးနှင့်ဆေးကုသရေးဆိုင်ရာပစ္စည်း ၇၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးန်ကြီး လူဟတ် ပန်ဂျိုင်တန်ကပြောဆိုခဲ့သည်။
ဆေးကုသရေးဆိုင်ရာပစ္စည်းများနှင့် စားနပ်ရိက္ခာဖူလုံရေးတွင် ပြည်တွင်းကိုသာ အားကိုးရန် အထူးလိုအပ်ကြောင်း စန်ဂျိုင်တန်က သြဂုတ် ၂၅ ရက်တွင် စီးပွားရေးဆိုင်ရာအွန်လိုင်းညီလာခံတက်ရောက်ရင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် အင်ဒိုနီးရှားသည် အဆိုပါကဏ္ဍနှစ်ခုတွင် ပြည်ပကိုအားကိုးနေရဆဲဖြစ်ကြောင်း ပန်ဂျိုင်တန်ကပြောဆိုခဲ့သည်။ နိုင်ငံတွင်းလိုအပ်သော ဆေးဝါးနှင့် ဆေးကုသရေးပစ္စည်း ၉၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံသားများ သတိမမူမိကြောင်း၊ ယင်းကြောင့် အင်ဒိုနီးရှား၌ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို အဓိကထားဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ကူးစက်ရောဂါဖြစ်ပွားမှု အစောပိုင်းအဆင့်များတွင် အင်ဒိုနီးရှားသည် ဆေးကုသရေးကိရိယာများ လိုအပ်ချက်ကြီးမားကာ တစ်ကိုယ်ရေးကာကွယ်ရေးပစ္စည်းများကို ပြည်ပမှတင်သွင်းခဲ့ရသည်။ အင်ဒိုနီးရှားသည် တစ်လလျှင် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း ၁၇ သန်းကို ကိုထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဇွန်တွင်ပြောဆိုခဲ့သည်။
ထို့ပြင် အင်ဒိုနီးရှားအင်ဂျင်နီယာများသည် အသက်ရှူစက်ထုတ်လုပ်မှုကို အောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့ပြီး ဈေးသက်သက်သာသာဖြင့် ရောင်းချနိုင်ခဲ့သည်။ အင်ဒိုနီးရှားသည် စားနပ်ရိက္ခာထုတ်လုပ်ရေးတွင်လည်း ပြည်တွင်းကိုသာ အားကိုးရမည်ဖြစ်ကြောင်း ပန်ဂျိုင်တန်ကပြောဆိုခဲ့သည်။
အင်ဒိုနီးရှားသည် မြေလွတ်မြေရိုင်းများကို စိုက်ခင်းများအဖြစ်ပြောင်းလဲခြင်းဖြင့် စိုက်ပျိုးရေးနယ်မြေနှစခုကို တည်ထောင်နေပြီဖြစ်သည်။ သြဂုတ် ၂၆ ရက်အထိ အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၁၆၀၁၆၅ ဦးနှင့် သေဆုံးသူ ၆၉၄၄ ဦးရှိနေသည်။ အေပီ

















