ချယ်လ်ဆီးကစားသမားများ Quarantine ဝင်နေရကြောင်း ဗြိတိန်သတင်းများဆို ချယ်လ်ဆီးနှင့် ပူးပေါင်းခွင့်ရ၍ ဝမ်းသာမိကြောင်း ဘန်ချီဝဲလ် ပြောကြား

ချယ်လ်ဆီးကစားသမားများ Quarantine ဝင်နေရကြောင်း ဗြိတိန်သတင်းများဆို ချယ်လ်ဆီးနှင့် ပူးပေါင်းခွင့်ရ၍ ဝမ်းသာမိကြောင်း ဘန်ချီဝဲလ် ပြောကြား

ပြီးခဲ့သည့်သီတင်းပတ်အတွင်း လေ့ ကျင့်ခန်းအစီအစဉ်များပြုလုပ်ခဲ့ရာ COVID-19 စစ်ဆေးခဲ့ရသော ချယ်လ်ဆီး အသင်း၌ အနည်းဆုံး ကစားသမားလေးဦး နှင့်အထက်မှာ အစိုးရ၏လမ်းညွှန်ချက်နှင့် အညီ Quarantine ဝင်နေရကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

QUARANTINE ဝင်နေရသော ချယ်လ်ဆီး ကစားသမားများမှာ မည်သူဖြစ်သည်ကို မသိရသော်လည်း ပြည်ပခရီးစဉ်မှ ပြန်လာသူများဖြစ်ကြောင်း ယုံကြည်ရသည်။ မကြာ သေးမီးက ဂရိနိုင်ငံ မစ်ကိုနော့ကျွန်းသို့ အလည်အပတ်သွားရောက်ခဲ့သော မာဆန် မောင့်၊ အေဘရာဟန်၊ တီမိုရီနှင့် အမေ ရိကန်ကစားသမား ပူလီဆစ်တို့မှာလည်း Quarantine ဝင်နေရကြောင်း သည်ဆန်း က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အသင်း ၁၂ သင်း၌ COVID-19 Positive ၁၄ ဦးတွေ့ရှိထားကြောင်း ဒေးလီးမေးလ်က အသိပေးထားသည်။ ရှက်ဖီးလ်ယူနိုက်တက်၊ ဘရိုက်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့၌ လည်း COVID-19 Positive တွေ့ခဲ့ရပြီး ဖြစ်သည်။ ချယ်လ်ဆီးသည် စက်တင်ဘာ ၁၄ ရက်တွင် ဘရိုက်တန်နှင့် ပရီးမီးယားလိဂ် ပွဲစဉ်(၁)ကစားရန်ရှိနေသည်။

အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားကောင်းများကို ခေါ်ယူနေသော ချယ်လ်ဆီးသည် တိုက်စစ်မှူးတီမိုဝါနာနှင့် တောင်ပံကစားသမားဇီယက်ချ်တို့ကို ခေါ်ယူ နိုင်ပြီးနောက် တတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် လက်စတာမှ အသက်(၂၃) နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဘန်ချီဝဲလ် ကို ခေါ်ယူနိုင်ခဲ့သည်။ ချယ်လ်ဆီးသည် ချီဝဲလ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၅ဝ ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆို နိုင်ခဲ့သည်။

ချယ်လ်ဆီးကစားသမားအသစ် ချီဝဲလ် က ချယ်လ်ဆီးနှင့်ပူးပေါင်းခွင့်ရ၍ ဝမ်းသာ မိကြောင်း ကလပ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ချီဝဲလ်သည် လက်စတာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၁၂၃ ပွဲပါဝင်ကစားခဲ့သည်။

ချယ်လ်ဆီးသို့ သီယာဂိုဆေးလ်ဗား ရောက်ရှိလာမည်ဖြစ်ပြီး နိုက်စ်နောက်ခံလူ မာလန်ဆားမှာလည်း ပြောင်းရွှေ့လာမည် ဟု ယုံကြည်ရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး