ဘာစီလိုနာမှထွက်ခွာတော့မည့် တိုက်စစ်မှူးမက်ဆီသည် ၎င်း၏အင်စတာဂရမ်၌ အကောင့် ၂၃ဝ ကိုဖော်လို လုပ်ထားရာ ဘောလုံးကလပ် လေးသင်းပါဝင်ကြောင်း စပို့တ်ဘိုင်ဘယ်က ဖော်ပြခဲ့သည်။
မက်ဆီ၏အင်စတာ ဂရမ်မှာ ဖော်လိုဝါ ၁၆၄ သန်းအထိရှိနေပြီး အာဂျင်တီး နားသား၏ ဖော်လိုဝါအသင်းလေးသင်းကို ပရိသတ်များ က စိတ်ဝင်စားခဲ့သည်။
မက်ဆီသည် နှစ်ပေါင်းများစွာ ကစားလာခဲ့သော ဘာစီလိုနာအသင်းကို ဖော်လိုလုပ်ထားပြီး ၎င်း၏ငယ်ဘဝအသင်း နယူးဝဲလ်အိုးဘွိုင်းကိုလည်း ဖော်လို လုပ်ထားကြောင်း သိရသည်။
မက်ဆီသည် ဘောလုံးကလပ်များအနက် ပရီးမီးယား လိဂ်အသင်းနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့်ချယ်လ်ဆီးကို ဖော်လိုလုပ်ထားဟု စပို့တ်ဘိုင်ဘယ်က ဆိုသည်။
သို့ဖြစ်ရာ မက်ဆီသည် ဆရာဟောင်းဂွာဒီယိုလာနှင့် ပြန်လည်ပူးပေါင်း ရန်များနေသည်။ မက်ဆီသည် ၎င်း၏တွစ်တာ၌ ဘာစီ လိုနာ၊ နယူးဝဲလ်အိုးဘွိုင်း၊ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ကိုသာ ဖော်လိုလုပ်ထားဟု သည်ဆန်းကဆိုသည်။















