မြောက်ဦးရှိ COVID-19 အတည်ပြုလူနာ နှစ်လသားနှင့် ခြောက်လသားအရွယ် ကလေးငယ်တို့ ကျန်းမာရေးကောင်းမွန်ကြောင်း သိရ

မြောက်ဦးရှိ COVID-19 အတည်ပြုလူနာ နှစ်လသားနှင့် ခြောက်လသားအရွယ် ကလေးငယ်တို့ ကျန်းမာရေးကောင်းမွန်ကြောင်း သိရ

ရခိုင်ပြည်နယ်ရှိ COVID-19 အတည်ပြုလူနာများထဲ၌ ပါဝင် သည့် နှစ်လသားအရွယ်ကလေး ငယ်နှင့် ခြောက်လသားအရွယ် ကလေးငယ်တို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း မြောက်ဦးခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာခင်မောင်သန်း က ပြောသည်။

မြောက်ဦးမြို့ရှိ ခြောက်လသား အရွယ်ကလေးငယ် COVID-19 အတည်ပြုလူနာ(၅၈၁)နှင့် အသက် နှစ်လသားအရွယ် COVID-19 အတည်ပြုလူနာ(၅၁၈) တို့အားမြောက်ဦးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါး ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

''မြောက်ဦးမြို့က နှစ်လသား အရွယ်နဲ့ ခြောက်လသားအရွယ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိနေရပြီး မြောက်ဦးမြို့ ပြည်သူ့ဆေးရုံမှာ ဆေး ကုသမှုခံယူနေပါတယ်။ ကလေးငယ် တွေရဲ့ကျန်းမာရေးကောင်းမွန်လာပါ တယ်'' ဟု မြောက်ဦးခရိုင် ဆေးရုံ အုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်း COVID-19 အတည်ပြုလူနာ များတွေ့ရှိခဲ့ပြီးနောက် စစ်တွေမြို့၌ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများအား အရပ်ဘက်အဖွဲ့အစည်းက ပူးပေါင်းကူညီဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''သြဂုတ် ၁၆ ရက်ကနေပြီး သြဂုတ် ၂၇ ရက်အထိ ၁၁ ရက်တာ ကာလအတွင်း ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၈၄ ဦး အထိရှိလာနေပါပြီ။ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့ထဲက ၁၁ မြို့နယ်မှာ အတည်ပြုလူနာ တွေ့ရှိခဲ့ပါတယ်။ စစ်တွေမှာ ၁၁၄ ဦး၊ ပေါက်တောမှာ ၁၃ ဦး၊ ဘူးသီးတောင်မှာခြောက်ဦး၊ မောင်တောမှာ ၁၃ ဦး၊ ကျောက်တော် မှာခြောက်ဦး၊ မြောက်ဦးမှာ ၁၄ ဦး၊ မင်းပြားမှာငါးဦး၊ မြေပုံမှာခြောက်ဦး၊ ကျောက်ဖြူမှာ လေးဦး၊ ပုဏ္ဏားကျွန်းမှာတစ်ဦးနဲ့ သံတွဲမှာနှစ်ဦး တွေ့ရှိခဲ့ပါ တယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားပြီး ယခုကာလအတွင်း ခရီးသွား လာခြင်းမပြုရန်နှင့် ပြည်နယ်ပြင်ပသို့ သွားပါက ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ထား သည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ် ကြောင်း COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက ထုတ်ပြန်ထားသည်။ စစ်တွေမြို့၌ COVID-19 ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ စီမံချက်များချ၍ လုပ်ဆောင် နေသကဲ့သို့ စစ်တွေမြို့နယ်ရှိ အရပ် ဘက် လူမှုအဖွဲ့အစည်းများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ စစ်တွေမြို့ရှိ Lock Down ချထားသောလမ်းများ အား ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက ဆေးဖျန်းခြင်း၊ စာပေနှင့် မီဒီယာညီအစ်ကိုများအဖွဲ့ မှလည်း နှာခေါင်းစည်း (Mask) များ အား အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ မိမိဆန္ဒ အလျောက် ယာယီတာဝန်ထမ်းဆောင် ကြမည့် ဆရာဝန်နှင့်သူနာ ပြု၂၂ ဦး တို့သည် သြဂုတ် ၂၅ ရက်တွင် မြန်မာ အမျိုးသားပိုင်လေကြောင်းလိုင်း အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ ဒုတိယအသုတ် ရောက်ရှိလာခဲ့ကြ သည်။ စစ်တွေမြို့၌ စေတနာ့ဝန်ထမ်း အဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံအနှံ့ မှ စာရင်းပေးသွင်းထားသူပေါင်း ၁၈၇ ဦး ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး