ရွှေမန်းသူယာဉ်ကို ကုန်တင်ယာဉ်ကနောက်မှဝင်တိုက်မှုဖြစ်ပွား ကုန်တင်ယာဉ်ပေါ်ပါ လူ၂ ဦးနေရာတွင်သေဆုံး

ရွှေမန်းသူယာဉ်ကို ကုန်တင်ယာဉ်ကနောက်မှဝင်တိုက်မှုဖြစ်ပွား ကုန်တင်ယာဉ်ပေါ်ပါ လူ၂ ဦးနေရာတွင်သေဆုံး

နေပြည်တော်-ရန်ကုန်လမ်းပိုင်းတွင် ရွှေမန်းသူယာဉ်ကို ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်ပေါ်ပါ လူ၂ ဦးနေရာတွင်သေဆုံးခဲ့သည်ဆိုမှု ယနေ့ဖြစ်ပွားခဲ့သည်။

သြဂုတ် ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ခရီးသည် ၂၀ ဦး၊ ယာဉ်မောင်းအဖွဲ့ ၄ ဦး၊ စုစုပေါင်း ၂၄ ဦးလိုက်ပါ လာသည့် Yutong မကွေး-ရန်ကုန် 'ရွှေမန်းသူ' ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် စက်ချို့ယွင်းသဖြင့် နေပြည်တော်-ရန်ကုန်လမ်းပိုင်းမိုင်တိုင်(၁၅၃/၅) အနီး လမ်းတစ်ခြမ်းပိတ်ရပ်ပြီး ယာဉ်ကိုပြုပြင်ခဲ့သည်။

ယာဉ်ကို နာရီဝက်ခန့် ပြုပြင်ပြီးနောက် ပြန်ထွက်ရန် ပစ္စည်းသိမ်းနေစဉ်အသက် (၂၇)နှစ်နှစ်အရွယ်ခန့် အမျိုးသားမောင်းနှင်ပြီး အသက် ၁၇ နှစ်အရွယ်ခန့် အမျိုးသား လိုက်ပါလာသည့် HYUNDAI MIGHTY TRUCK(အဖြူရောင်)ယာဉ်ကနောက်မှဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် HYUNDAI MIGHTY TRUCK ယာဉ်ပေါ်ပါ စုံစမ်းဆဲ အမျိုးသား ၂ ဦးမှာ ကားခေါင်းခန်းအတွင်းညှပ်ပိသေဆုံးခဲ့ပြီး 'ရွှေမန်းသူ'ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် အမျိုးသား တစ်ဦး နဖူးဝဲဘက် တစ်လက်မခန့်ပါက်ပြဲဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်မျာ၊းဗောဓိကုန်းအမြန်လမ်းမကြီးမီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကားခေါင်းခန်းအတွင်းညှပ်ပိသေဆုံး သူနှစ်ဦး၏ရုပ်အလောင်းကိုထုတ်ယူကာ တောင်ငူဆေးရုံသို့ပို့အပ်ခဲ့ပြီးနောက် လိုအပ်သည်များကိုဆက်လက်အရေးယူပေးဆောင်ရွက်ထားကြောင်းသိရသည်။