ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်း မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်း ကျပ် ၂၁၅ သိန်းဖိုးဆုံးရှုံး

ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်း မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်း ကျပ် ၂၁၅ သိန်းဖိုးဆုံးရှုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာ အထက်တန်းကျောင်း မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်းကာ ကျပ် ၂၁၅ သိန်းဖိုးဆုံးရှုံးမှု ယနေ့နံနက် ၇နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယနေ့ သြဂုတ် ၂၈ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်မှ မီတာပုံးကို မိုးကြိုးပစ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် မျက်နှာကျက်သို့ မီးကူးစက်ကာ နှစ်ထပ်အုတ်ကျောင်းဆောင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၂၂၀×၃၀ပေ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် ပင်မအဆောက်အဦ မီးလောင်ကျွမ်းခဲ့ပြီးကျပ် ၂၁၅ သိန်းမီးလောင်ဆုံးရှုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ ကျိုက်မရောမြို့နယ်မီးသတ်ဦးစီးဌာနမှ ၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံပရာနယ်မြေမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၅ စီးတို့ဖြင့်သွားရောက်မီး ငြိမ်းသတ်ခဲ့ ရာနံနက် ၈ နာရီ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။