ဘာစီလိုနာမှဂျ ုရာဒိုနှင့် ရီးရဲလ်မက်ဒရစ်မှ ဖာနန်ဒက်ဇ်တို့ကို မန်ယူအသင်း ခေါ်မည်

ဘာစီလိုနာမှဂျ ုရာဒိုနှင့် ရီးရဲလ်မက်ဒရစ်မှ ဖာနန်ဒက်ဇ်တို့ကို မန်ယူအသင်း ခေါ်မည်

မန်ယူအသင်းတာဝန်ရှိသူများသည် ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့မှ စပိန်လူငယ် ကစားသမားတစ်ဦးစီကို ခေါ်ယူသွားမညိဖြစ်ပြီးမကြာမီအချိန် အတောအတွင်း အပြောင်းအရွှေ့အထမြောက်မည်ဖြစ်ကြောင်း ဒေးလီးမးလ်က ဖော်ပြခဲ့သည်။

မန်ယူအသင်းခေါ်ယူမည့် ဘာစီလိုနာလူငယ်ကစားသမားမှာ အသက် ၁၆ နှစ်အရွယ်နောက်ခံလူ ဂျုရာဒိုဖြစ်ပြီး ရီးရဲလ်ကစားသမားမှာ အသက် ၁၇နှစ်အရွယ်ဖာနန်ဒက်ဇ်ဖြစ်ကာ အနာဂတ်အလားအလာရှိသော ကစားသမားများဖြစ်သည်။ လက်ရှိတွင်ကစားသမားနှစ်ဦး စလုံးမှာ စပိန်မှ မန်ချက်စတာသို့ရောက်ရှိနေပြီး ဗြိတိန်အစိုးရ၏ ကိုဗစ်စည်းကမ်းအရ နှစ်ပတ်ကြာ Quarantine ဝင်ရမည်ဖြစ်သည်။

မန်ယူသည် ဘာစီလိုနာမှ ထွက်ခွာခဲ့သော ဂျုရာဒိုကိုခေါ်ယူရန် ယူရို ၁ဒသမ ၅သန်း အသုံးပြုရမည်ဖြစ်သည်။ ညာနောက်ခံကစားသမားလည်းဖြစ်သောဂျ ုရာဒိုသည် ဘာစီလိုနာလူငယ်အသင်း၌ ကိုးရာသီကြာကစားခဲ့သူဖြစ်သည်။

ဘယ်နောက်ခံလူဖာနန်ဒက်ဇ်မှာ၂၀၁၇ ခုနှစ်က ဒီပို့တီဗိုမှ ရီးရဲလ်သို့ရောက်ရှိခဲ့ပြီး ယူ-၁၅ ယူ-၁၆နှင့် ယူ-၁၇ အသင်းများတွင် ကစားခဲ့သူဖြစ်သည်။၎င်းသည် ရီးရဲလ်မက်ဒရစ်နှင့် သက်တမ်းတိုးရန် အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်ယူသို့ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့သည်။ မန်ယူလူငယ်အသင်း၌ ပါဝင်တော့မည့်ဂျုရာဒိုသည် ကျောနံပါတ် ၈၈ ဝတ်ဆင်ကစားမည်ဖြစ်ပြီး ဖာနန်ဒက်စ်မှာ နံပါတ် ၉၉ ဝတ်ဆင်မည်ဟု သိရသည်။ အပြောင်းအရွှေ့ဈေးကွက်မှာ ဇူလိုင် ၂၇ ရက်၌ စတင်ခဲ့ပြီး လာမည့်အောက်တိုဘာ ၁၀ရက်တွင် ပိတ်သိမ်းမညိဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး