အပြောင်းအရွှေ့အတွင်း ငါးဦးမြောက်အဖြစ် ဘရာဇီးနောက်ခံလူ တီယာဂိုဆေးလ်ဗားအား ချယ်လ်ဆီးခေါ်ယူ

အပြောင်းအရွှေ့အတွင်း ငါးဦးမြောက်အဖြစ် ဘရာဇီးနောက်ခံလူ တီယာဂိုဆေးလ်ဗားအား ချယ်လ်ဆီးခေါ်ယူ

ရာသီကြို ပြင်ဆင်ရာတွင် အခြားထိပ်သီးပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများထက် ကစားသမားကောင်းများကို ခေါ်ယူနေသောချယ်လ်ဆီးသည် ခန့်မှန်းသတင်းများအတိုင်း ပီအက်စ်ဂျီမှ ဘရာဇီးဝါရင့်နောက်ခံလူ တီယာဂိုဆေးလ်ဗားကို အလွတ်ပြောင်းရွေ့ကြေးဖြင့်ခေါ်ယူကာ တစ်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း ESPN က ဖော်ပြခဲ့သည်။

အသက် ၃၅နှစ်အရွယ် ဗဟိုနောက်ခံလူ ဆေးလ်ဗားသည် ပီအက်စ်ဂျီ၌ ရှစ်နှစ်ကြာကစားခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့သည့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးပါဝင်ကစားခဲ့သည်။

ဆေးလ်ဗားသည် ပီအက်စ်ဂျီအသင်းနှင့်ပြင်သစ်လီဂူး ချန်ပီယံဆုကို စံချိန်တင်ခုနှစ်ကြိမ် ပိုင်ဆိုင်ခဲ့ပြီး ရှုံးထွက်ဖလားများလည်း ဆွတ်ခူးခဲ့သူဖြစ်သည်။ ယခုနှစ်ရာသီတွင် ၂၁ ပွဲ ကစားခဲ့သော ဆေးလ်ဗားသည် ပီအက်စ်ဂျီကစားသမားဘဝ ၃၁၅ ပွဲကစားခဲ့သည်။ ဆေးလ်ဗားသည် ချယ်လ်ဆီးနှင့်စာချုပ်အရ သက်တမ်းကုန်ဆုံးပါက ထပ်မံ သက်တမ်းတိုးရန် အခွင့်အလမ်းရှိနေသည်။

ချယ်လ်ဆီးသည် လိုက်ပ်ဇစ်မှ တိုက်စစ်မှူးတီမိုဝါနာ အေဂျက်တောင်ပံကစားသမား ဇီယက်ချ်လက်စတာနောက်ခံလူ ချီဝဲလ်နှင့်နိုက်စ်မှ ပြင်သစ်နောက်ခံလူ မာလန်ဆားတို့ကို ခေါ်ယူထားပြီးဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး