ကွန်မြူနတီဒိုင်းရယူရန် ကြိုးစားမည်ဟု အာဆင်နယ်နည်းပြအာတီတာဆို အဓိကတိုက်စစ်မှူး အော်ဘာမီယန် အသင်းနှင့် စာချုပ်သက်တမ်းတိုးမည်ဟု အကောင်းမြင်

ကွန်မြူနတီဒိုင်းရယူရန် ကြိုးစားမည်ဟု အာဆင်နယ်နည်းပြအာတီတာဆို အဓိကတိုက်စစ်မှူး အော်ဘာမီယန် အသင်းနှင့် စာချုပ်သက်တမ်းတိုးမည်ဟု အကောင်းမြင်

အာဆင်နယ်အသင်းနည်းပြ အာတီ တာက ၎င်းတို့အနေဖြင့် လီဗာပူးနှင့် ရာသီသစ် ကွန်မြူနတီဒိုင်းပြိုင် ပွဲအတွက် ပြင်ဆင်ရာတွင် လေ့ကျင့်ခန်း အစီအစဉ်နှစ်ခုသာ ပြုလုပ်ခဲ့ရသော်လည်း နောက်ထပ်ဆုရရန် အခွင့်အရေးတစ်ခုဖြစ် နေ၍ ဒိုင်းရရှိရန် ကြိုးစားသွားမည်ဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

အာဆင်နယ်သည် လီဗာပူးနှင့်ပွဲအတွက် ပြင်ဆင်ရာတွင် အသင်းကစားသမားလေးဦး Quarantine ဝင်နေရ၍ အခက်အခဲများ လည်းဖြစ်ပေါ်ခဲ့သည်။ အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် လက်စွမ်းပြခဲ့သော အာဂျင် တီးနားဂိုးသမား မာတီနက်ဇ်၊ ကစးသမား သစ် ဂါဘရီရယ်နှင့် အခြားကစားသမား နှစ်ဦးမှာ Quarantine ဝင်နေရ၍ လေ့ကျင့် ခန်းအစီအစဉ်တွင် အချိန်မီပူးပေါင်းနိုင်ခြင်း မရှိပေ။

နည်းပြအာတီတာက ပြင်ဆင်ချိန်အရ လက်ရှိမှာ ပွဲကြီးပွဲကောင်းကစားရန် အချိန် ကောင်းမဟုတ်ကြောင်း၊ သို့သော် အသင်း ကစားသမားများမှာ စိတ်ဓာတ်တက်ကြွ နေကြောင်း၊ ဆုထပ်ရရန် အခွင့်အလမ်းဖြစ်နေ ၍ ကွန်မြူနတီဒိုင်းဆုရရှိရန်ကြိုးစားမည်ဟု အသိပေးခဲ့သည်။ အာဆင်နယ်နှင့် လီဗာပူး တို့သည် ကွန်မြူနတီဒိုင်းကို (၁၅)ကြိမ်စီ ပိုင်ဆိုင်ထားသော အသင်းများဖြစ်သည်။အာဆင်နယ်သည် ၂ဝ၂ဝ သြဂုတ် ၁ ရက် က အက်ဖ်အေဖလားဗိုလ်လုပွဲကစားခဲ့ပြီး နောက် သြဂုတ် ၂၅ ရက်ကမူ အမ်ကေဒွန်း နှင့်ခြေစမ်းခဲ့ရာ လေးဂိုး တစ်ဂိုးဖြင့်အနိုင် ရခဲ့သည်။

ဆက်လက်၍ အာတီတာက အဓိက တိုက်စစ်မှူးအော်ဘာမီယန်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးလိမ့်မည်ဟု အကောင်း မြင်ထားကြောင်း ဆိုခဲ့သည်။ အသက်(၃၁) နှစ်အရွယ်အော်ဘာမီယန်သည် လွန်ခဲ့သည့် နှစ်ရာသီအတွင်း အသင်း၏ဂိုးသွင်းအများ ဆုံးကစားသမားဖြစ်ပြီး စာချုပ်မှာ တစ်နှစ် ကျန်ရှိနေသည်။ အော်ဘာမီယန်သည် ၂ဝ၁၈ ခုနှစ်က ဒေါ့မွန်မှ အာဆင်နယ်သို့ ပေါင် ၅၆ သန်းဖြင့်ရောက်ရှိခဲ့ပြီး ၁ဝ၉ ပွဲ ကစားခဲ့ရာ ဂိုး ၇ဝ သွင်းယူထားသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး