ပုဇွန်တောင်မြို့နယ် ရေကျော်လမ်း မကြီးပေါ်ရှိ CityMart အိမ်သာတွင် အမျိုးသမီး ၂ဦး တွင်ခိုက်ရန်ဖြစ် ပွားမှုကို အရေးယူထားကြောင်း ဩဂုတ် ၂၉ ရက်နေ့တွင်ရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ်၂၈ ရက်ညနေ မွန်းလွဲ၃နာရီခန့်ကပုဇွန်တောင်မြို့မ ပုဇွန်တောင်မြို့နယ်၊ရေကျော်လမ်း မကြီးပေါ်တွင်ဖွင့်လှစ်ထားသည့် CityMart တွင်ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့မရဲစခန်း ကဒုရဲအုပ်နိုင်ထူး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
CityMart အတွင်းရှိအများသုံးအိမ်သာဘေစင်အနီးတွင်အမျိုးသမီးငယ်တစ်ဦးလက်ထဲတွင်ဖုန်းကိုင်ကာရပ်နေပြီးအနီးတွင်အသက်(၆၀)ခန့်အမျိုးသမီးကြီးတစ်ဦးမှာသွေးထွက်ဒဏ်ရာရရိထားသည်ကိုတွေ့ရသည်။
ဒဏ်ရာရရှိသူမှာ၊ပုဇွန်တောင်မြို့နယ်၊အမှတ်(၅)ရပ်ကွက်နေဒေါ်မူမူ၀င်း(၆၀)နှစ် သူဖြစ်ပြီး လည်ပင်းတွင်ပွန်းခြစ် ပြတ်ရှဒဏ်ရာနှင့်ညှပ်ရိုးတွင်သွေးထွက်ဒဏ်ရာရရိထားသဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။ဖုန်းကိုင်ပြီးရပ်နေသူကိုမေးမြန်းရာ၊တောင်ဥက္ကလာပမြို့နယ် ၊(၁၂)ရပ်ကွက်နေ ၊စားသောက် ကုန်ပစ္စည်း အရောင်း၀န်ထမ်းမနှင်း၀တ်ရည်အေး(၁၉)နှစ်ဖြစ်ကြောင်းသိရှိရသည်။
စုံစမ်းစစ်မေးချက်အရ ရေကျော်ရှိ CityMart သို့၎င်းလုပ်ကိုင်နေသောကုမ္ပဏီမှ ပစ္စည်းများ လာရောက်ပို့ဆောင်ရကြောင်း၊ အိမ်သာ၀င်ချင်သဖြင့် toilet သို့သွားရောက်ရာ ၎င်းကိုင်ဆောင်အသုံးပြု သည့်ဖုန်းကိုဘေစင်ပေါ်တွင်ခဏတင်ထားခဲ့ကြောင်း၊ပြန်ထွက်လာစဉ် အမည်မသိအသက်(၆၀)ခန့်အမျိုးသမီးက၎င်းဖုန်းကိုကိုင်၍"ဒါဘယ်သူ့ဖုန်းလည်း"ဟုမေးခဲ့သည်။
၎င်းက"သမီးဖုန်း"ဟုပြန်ပြောခဲ့ရာ၎င်းကဖုန်းကိုပြန်ပေးပြီး"နင်တို့တွေကစည်းကမ်းကိုမရှိဘူး"ဟုပြောဆိုမာန်မဲရာက၎င်းလည်းကိုယ့်ဖုန်းနှင့်ကိုယ်အပြောခံရသဖြင့်စိတ်ဆိုးဒေါသထွက်ကာပြန်ပြောရာမှတစ်ယောက်တစ်ခွန်းစကားများခဲ့ကြကြောင်း၊ထို့နောက် အမျိုးသမီးကြီးက စတင်လက်ပါသောကြောင့်၎င်းကပြန်ခုခံရာမှ အမျိုးသမီးကြီး၏မျက်မှန်ကိုင်းပြုတ်ထွက်ကျိုးသွားပြီး ၎င်းမျက်မှန်ကိုင်းကျိုးနှင့် အမျိုးသမီးကြီးလည်ပင်းနှင့်ညှပ်ရိုးအနီးသို့တုန့်ပြန်မိခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။ မနှင်း၀တ်ရည်အေးကို ပုဇွန်တောင်မြို့မရဲစခန်းတွင် (ပ)၁၈၂/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အရအမှုဖွင့်အရေးယူထားသည်။

















