ချယ်လ်ဆီးနှင့် မန်စီးတီးတို့သည် ကိုဗစ် ကာလ အပြောင်းအရွှေ့ဈေးကွက်၌ ကစား သမားသစ် ခေါ်ယူရေးအတွက် အခြား အသင်းများထက် ငွေသုံးကြမ်းနေပြီး နှစ် သင်းပေါင်း ပေါင် ၃၁၆ သန်းအထိအသုံး ပြုဟု ဗြိတိန်သတင်းစာ ဒေးလီးမေးလ်က ဆိုခဲ့သည်။
လန်ဒန်အခြေစိုက် ချယ်လ်ဆီးသည် အပြောင်းအရွှေ့ဈေးကွက်၌ တီမိုဝါနာ၊ ဇီယက်ချ်၊ ချီဝဲလ်နှင့် မာလန်ဆားတို့ကို ခေါ်ယူခဲ့ပြီးနောက် ပီအက်စ်ဂျီမှ ဘရာဇီး ဝါရင့်နောက်ခံလူ ဆေးလ်ဗားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ သည်။
ချယ်လ်ဆီးသည် လက်ရှိတွင် ပြောင်း ရွှေ့ကြေးပေါင်သန်း ၁၄ဝ အသုံးပြုထား ပြီး လေဗာကူဆင်မှ ဂျာမနီကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ကိုလည်း ခေါ်ယူမည်ဖြစ်ရာ ၎င်းတို့၏အသုံးစရိတ်မှာ ပေါင်သန်း ၂၃ဝ အထိရှိလာနိုင်ကြောင်း ဒေးလီးမေးလ်က ဆိုသည်။ ချယ်လ်ဆီးသည် ဝက်စ်ဟမ်း နောက်ခံလူ ဒီကလန်ရိုက်ကိုလည်း ခေါ်ယူ ရန်အဆင်သင့်ဖြစ်နေသည်။
မန်စီးတီးသည် အပြောင်းအရွှေ့ဈေး ကွက်အတွင်း အသုံးစရိတ်ပေါင် ၈၆ သန်း အသုံးပြုထားသည်။ မန်စီးတီးသည် ဘုန်း မောက်မှအကီနှင့် ဗလင်စီယာမှ ဖာရန် တို့ကို ခေါ်ယူခဲ့ပြီးဖြစ်သည်။ ချယ်လ်ဆီးနှင့် မန်စီးတီးတို့နှစ်သင်းပေါင်း အသုံးစရိတ်မှာ ပေါင်သန်း ၃ဝဝ ကျော်အထိရှိနေသည့် အချိန် ကျန်ပြိုင်ဘက် ပရီးမီးယားလိဂ် ၁၈ သင်း၏ အပြောင်းအရွှေ့ကုန်ကျစရိတ်စုစု ပေါင်းမှာ ပေါင် ၁၉၈ သန်းသာရှိနေသည်။
ပရီးမီးယားလိဂ်အသင်းကြီးအချို့မှာ ဈေးကွက်အတွင်း ငြိမ်သက်နေချိန် တန်း တက်လိဒ်ယူနိုက်တက်မှာ ပေါင် ၅၃ သန်း အသုံးပြုထားကြောင်း သိရသည်။ အာဆင် နယ်မှာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁၄ သန်းသာသုံးစွဲထားပြီး ချယ်လ်ဆီးနှင့် မန်စီးတီးတို့ပြီးနောက် ငွေသုံးများသည့် အသင်းများအဖြစ် လိဒ်ယူနိုက်တက်၊ ဆောက် သမ်တန်၊ စပါး၊ ပဲလေ့စ်၊ ရှက်ဖီးလ်ယူနိုက် တက်နှင့် ဖူလ်ဟမ်တို့ ရပ်တည်နေသည်။
မန်ယူ၊ ဗီလာ၊ အဲဗာတန်၊ လက်စတာ၊ နယူးကာဆယ်နှင့် ဝုလ်ဗာဟမ်တန်တို့မှာ အပြောင်းအရွှေ့ဈေးကွက်၌ ငွေကြေးသုံးစွဲ ခြင်းမရှိသေးပေ။















