တရုတ်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ Huawei ကို ၎င်းတို့နိုင်ငံ၏ လာမည့် 5G ဆက်သွယ်ရေး ကွန်ရက်အတွင်းမှ ဖယ်ရှားပစ်မည် မဟုတ်ကြောင်း၊ သို့သော် လုံခြုံရေး အကြောင်းပြချက်အရ ဥရောပ၏ ပံ့ ပိုးပေးသူများကို ဦးစားပေးမည်ဟု ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်က ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးသည် ဝမ်ယိသည် ပြင်သစ်သို့ သြဂုတ် ၂၈ တွင် ရောက်ရှိခဲ့ပြီးနောက် ပြင်သစ်သမ္မတနှင့် တွေ့ဆုံခဲ့ပြီး ပထမဦးစွာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေးအပ်လိုက်သော စာချွှန်လွှာကို မာခရွန်ထံ ပေးအပ်ခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်၏ စာချွှန်လွှာထဲတွင် တရုတ်အနေဖြင့် ပြင်သစ်နှင့် မဟာဗျူ ဟာမြောက်ဆက်ဆံရေးအား ဖော်ဆောင်ရန် အဆင်သင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထား သည်။
မာခရွန်က ၎င်းအနေဖြင့် Ericsson နှင့် Nokia တို့ကဲ့သို့ စမတ်ဖုန်းကုမ္ပဏီများကို စိတ်ဝင်စားမှုရှိ ထားကြောင်း သမ္မတရှီကျင့်ဖျင်ထံ ပြောဆိုခဲ့ပြီး အဆိုပါကုမ္ပဏီများအတိုင်း လုပ်ဆောင်ရလိမ့်မည်ဟု ပြောဆို ခဲ့သည်။
Huawei နည်းပညာကုမ္ပဏီအား ပြင်သစ်အနေဖြင့် ပိတ်ပင်မည်မဟုတ်ကြောင်း ပြင်သစ်သတင်းအ ချက်အလက်လုံခြုံရေးအေဂျင်စီ (ANSSI) က ဇူလိုင်လတွင် ပြောဆိုခဲ့ပြီးဖြစ်သော်လည်း ပြင်သစ်၏ နည်းပ ညာကို ဝယ်ယူသည့် ကုမ္ပဏီများသည် ရှစ်နှစ်တာ လုပ်ငန်းလိုင်စင်ကိုသာ ရရှိမည်ဖြစ်သည်ဟု ပြောဆိုခဲ့ သည်။ စစ်အခြေစိုက်စခန်းများ၊ နျူးကလီးယားတပ်ဆင်မှုများနှင့် အခြား အထိမခံနိုင်သော ကဏ္ဍများကို ကာကွယ်ရန်အတွက် Huawei ၏ 5G နည်းပညာကို ကန့်သတ်သွားမည်ဖြစ်သည်ဟု အစိုးရက ပြောဆိုခဲ့ သည်။

















