အရက်ကြောင်ကြောင်ကာ ကိုယ့်ကိုယ်ကိုယ်ဓားနှင့်ထိုး သေကြောင်းကြံစည်သူကို အမှုဖွင့်

အရက်ကြောင်ကြောင်ကာ ကိုယ့်ကိုယ်ကိုယ်ဓားနှင့်ထိုး သေကြောင်းကြံစည်သူကို အမှုဖွင့်

တောင်ကြီးမြို့တွင် အရက်ကြောင်ကြောင်ကာကိုယ့်ကိုယ်ကိုယ်ဓားနှင့်ထိုး၍ သေကြောင်းကြံစည်သူကို အမှုဖွင့်အရေးယူထားကြောင်း ဩဂုတ် ၃၀ ရက်နေ့တွင် ရရဲတပ်ဖွဲ့က သိရသည်။

ဩဂုတ်၂၇ ရက်ည၁၁နာရီခွဲ အချိန်တွင် ၊တောင်ကြီးမြို့ အေးသာယာမြို့၊ရပ်ကွက်(၉)၊နယ်မြေ(၇ဃ-၂)၊အိမ်အမှတ်(၄၃၉)တွင်အမျိုးသားတစ်ဦးသည်အရက်သေစာသောက်စားမူးရစ်ပြီးမိမိကိုယ်ကို မိမိဓားနှင့်ထိုးသဖြင့်ဒဏ်ရာရရှိထားကြောင်းသတင်းအရအေးသာယာနယ်မြေရဲစခန်းတွင်ရဲအုပ်အောင်မြင့်ကျော်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်အရှေ့ခန်းအတွင်းဦးသန်းမြတ်စိုး(၃၄)နှစ်မှာ၀မ်းဗိုက်အတွင်း(၂)လက္မပတ်လည်ထိုးသွင်းဒဏ်ရာရရှိထားကာအူများအပြင်ဘက်သို့ထွက်နေသည်ကိုတွေ့ရှိခဲ့သည်။၎င်းအနီးတွင်အရိုးအသွား(၁၂)လက္မခန့်ရှိ စတီးဓားတစ်ချောင်းကိုတွေ့ရှိရသဖြင့်စုံစမ်းမေးမြန်းခဲ့ရာ ဒေါသအလျောက်မိမိကိုယ်ကိုဓါးဖြင့်ထိုးမိကြောင်း ၎င်း၏မရီးဖြစ်သူပြောပြချက်အရသိရသောကြောင့် ကိုယ့်ကိုယ်ကိုယ်ဓားနှင့်ထိုး၍ သေကြောင်းကြံစည် ဦးသန်းမြတ်စိုး(၃၄)နှစ်အား အေးသာယာနယ်မြေရဲစခန်းတွင် (ပ)၁၀၅/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။