မကွေးတိုင်းအတွင်း ရခိုင်ပြည်နယ်မှဝင်ရောက်လာသူ ၆၉ ဦးအား Quarantine ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

မကွေးတိုင်းအတွင်း ရခိုင်ပြည်နယ်မှဝင်ရောက်လာသူ ၆၉ ဦးအား Quarantine ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

မကွေးတိုင်းဒေသကြီးအတွင်း သြဂုတ် ၂၈ ရက်ထိ ရခိုင်ပြည်နယ်မှဝင် ရောက်လာသူ ၆၉ ဦးထိရှိကာ ၎င်းတို့ အား Quarantine ထားရှိပြီး ကျန်းမာ ရေးစစ်ဆေးဆောင်ရွက်နေကြောင်းမကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်သန်းထံမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရခိုင် ပြည်နယ်မှ ဝင်ရောက်လာသူများအား ကျန်းမာရေးဝန်ထမ်းများက စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

''မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် မင်းဘူး-အမ်းလမ်းကို ဖြတ်သန်းသွား လာမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ဆောင်ရွက်နေပါတယ်။ မကွေးတိုင်းအတွင်း ပြန်ဝင်လာတဲ့သူ တွေကို Quarantine ၁၄ ရက်ထား ရှိပြီး နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ် တို့ကို နှစ်ကြိမ်ယူပြီးစစ်ဆေးပေးတယ်။ လက်ရှိ ရခိုင်ကပြန်ဝင်လာသူ ၆၉ ဦးရှိပြီး စစ်ဆေးချက်အရ ၂၅ ဦးက Negative အဖြေထွက်ရှိပြီး ကျန်တဲ့ ၄၄ ဦးကတော့ အဖြေစောင့်နေဆဲဖြစ် ပါတယ်''ဟု ဒေါက်တာ ခင်မောင်သန်း က ပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၈ ရက် ညပိုင်းအထိ Covid-19 ရောဂါပိုး ပြည်တွင်းကူး စက်ခံရသူ ၂၁၇ ဦးအထိရှိနေပြီး မ‌ကွေး တိုင်းမှ ရခိုင်ပြည်နယ်သို့ လူစီးယာဉ် လိုင်းများ၊ အိမ်စီးယာဉ်များကို သွား လာခွင့်ပိတ်ထားပြီး ကုန်စည်စီးဆင်းမှု အရ ကုန်တင်ယာဉ်များကို အမ်းမြို့ အနီးရှိ ပဲပဒုံဂိတ်တွင် ကုန်ပစ္စည်းချိန်း ပြောင်းစနစ်ဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။