အာဆင်နယ်သည် သြဂုတ် ၂၉ ရက်က ဝင်ဘလေကွင်းတွင် ရာသီသစ် ကွန်မြူနတီ ဒိုင်းပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနှင့်ယှဉ်ပြိုင်ခဲ့ရာ မိနစ် ၉ဝ အတွင်း တစ်ဂိုးစီ သရေကစားခဲ့ပြီးနောက် ပင်နယ် တီအဆုံးအဖြတ်၌ ငါးဂိုး လေးဂိုးဖြင့်အနိုင် ရခဲ့သောကြောင့် အသင်းသမိုင်းတစ်လျှောက် (၁၆)ကြိမ်မြောက် ဒိုင်းဆုကိုင်မြှောက်နိုင် ခဲ့ကြောင်း သိရသည်။
အာဆင်နယ်သည် ၃-၄-၃ ကစား ကွက်ဖြင့်ပွဲထွက်ခဲ့ပြီး ဖာမီနို၊ ဆာလက်ချ် နှင့် မာနေးတို့ပါဝင်ခဲ့သော လီဗာပူးအသင်း မှာ ၄-၃-၃ ကစားကွက်ကိုအသုံးပြုခဲ့သည်။ အာဆင်နယ်သည် ၁၂ မိနစ်တွင် ဦးဆောင် ဂိုးရခဲ့ပြီး ဆာကာ၏ ဖန်တီးမှုမှတစ်ဆင့် တိုက်စစ်မှူးအော်ဘာမီယန်က ပင်နယ်တီ ဧရိယာဘယ်ဘက်ထိပ်မှ လှလှပပကန်သွင်း ခဲ့သည်။ လီဗာပူးသည် ၇၃ မိနစ်တွင် ချေပဂိုးပြန်ရခဲ့ရာ ဂျပန်ကစားသမား မီနာ မီနိုက သွင်းယူခဲ့သည်။
ပင်နယ်တီကန်ခဲ့ရာ အာဆင်နယ်မှ နယ်လ်ဆင်၊ မိတ်လန်းနိုင်း၊ ဆိုအာရက်စ်၊ ဒေးဗစ်လုဇ်နှင့် အော်ဘာမီ ယန်တို့ ဂိုးဝင်ခဲ့သည်။ လီဗာပူးအတွက် ဆာ လက်ချ်၊ ဖာဘင်ဟို၊ မီနာမီနိုနှင့် ဂျုံးစ်တို့ ဂိုးဝင်ခဲ့သော်လည်း ဘရူးစတားမှာ ဂိုးမ-ဝင် ခဲ့၍ ငါးဂိုး လေးဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
အာဆင်နယ်သည် ၂ဝ၁၇ ခုနှစ်နောက် ပိုင်း ကွန်မြူနတီဒိုင်းကို ပြန်လည်ကိုင်မြှောက် နိုင်ခဲ့ပြီး မန်ယူအသင်းပြီးနောက် ပြိုင်ပွဲ၏ ဒုတိယ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ မန်ယူသည် ကွန်မြူနတီ ဒိုင်းကို ၂ဝ၁၆ ခုနှစ်က နောက်ဆုံးရရှိခဲ့ပြီး ဒိုင်းဆု (၂၁)ကြိမ်ရခဲ့သည်။
အာဆင်နယ်နည်းပြအာတီတာက ၎င်းတို့အနေဖြင့် လီဗာပူးနှင့်ပွဲမတိုင်မီ စိန်ခေါ်မှု အချို့ရှိခဲ့ကြောင်း၊ အချို့ကစားသမားများ မှာ အပန်းဖြေခရီးစဉ်မှ ပြန်ရောက်ခဲ့ပြီး နောက် လေ့ကျင့်မှုတစ်ကြိမ်သာပြုလုပ် နိုင်ခဲ့ကြောင်း၊ နိုင်ပွဲရခဲ့၍ ယုံကြည်မှုတိုးစေ ကြောင်း၊ အသင်း၏ခြေစွမ်းအရ တိုးတက် မှုများရှိနေကြာင်း၊ လီဗာပူးကဲ့သို့အသင်း ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ အမှန်တကယ်ဂုဏ်ယူမိဟုဆိုခဲ့ သည်။ အာဆင်နယ်သည် စက်တင်ဘာ ၁၂ ရက်တွင် ပရီးမီးယားလိဂ်ပွဲစဉ်(၁)အဖြစ် ဖူလ်ဟမ်နှင့် တွေ့ဆုံနေသည်။















