COVID-19 ဓာတ်ခွဲနမူနာ အင်တိုက်အားတိုက် စစ်ဆေးမှုများ ဟောင်ကောင်၌ စတင်

COVID-19 ဓာတ်ခွဲနမူနာ အင်တိုက်အားတိုက် စစ်ဆေးမှုများ ဟောင်ကောင်၌ စတင်

 ဟောင်ကောင်၌ လူအများအပြားကို COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးသည့် စနစ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ 

သို့သော် ဒီမိုကရေစီအရေးလှုပ်ရှားမှုများအပေါ် အစိုးရက နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရ၏ အစီအမံများကို လက်ခံပေးရန်တိုက် တွန်းမှုများအပေါ် ပြည်သူများက များစွာယုံကြည်ခြင်းမရှိတော့ချ။

COVID-19 တတိယလှိုင်းကိုတားဆီးရေးအတွက် ဇွန်လအကုန်ပိုင်းမှစ၍ ဆန္ဒအလျောက် COVID-19 ရှိမရှိစစ်ဆေးသည့် စနစ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ တတိယလှိုင်းတားဆီးရေးအတွက် စီးပွားရေးအရ ထိခိုက်မှုရှိသော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့ရသည်။ သို့သော် ပြည်မကြီးရှိ COVID-19 ရှိမရှိစစ်ဆေးသည့် ကုမ္ပဏီများ၊ ဆရာဝန်များပါဝင်ခဲ့မှုကြောင့် ဆန္ဒအလျောက် COVID-19 စစ်ဆေးမှုများကို အသုံးချပြီး ဟောင်ကောင်သားများ၏မျိုးဗီဇနမူနာများကို စုဆောင်းတော့မည်ဟု စိုးရိမ်မှုများရှိလာခဲ့သည်။

သြဂုတ် ၂၉ ရက်မှ စတင်ပြီး စာရင်းကောက်ခံမှုအရ ဓာတ်ခွဲနမူနာ အခမဲ့ စစ်ဆေးရန်အတွက် လူ ဦးရေ ၅၁၀၀၀၀ ခန့် စာရင်းသွင်းခဲ့ကြောင်း သိရသည်။ ယင်းသည် ဟောင်ကောင်လူဦးရေ ၇ ဒသမ ၅ သန်း၏ ၇ ရာခိုင်နှုန်းသာ ရှိနေသည်။

ဓာတ်ခွဲနမူနာ အခမဲ့ စတင်စစ်ဆေးသည့် ပထမဆုံးနေ့ဖြစ်သော သြဂုတ် ၂၉ ရက်တွင် လူထူအခြေပြုစစ်ဆေးရေးဌာန ၁၄၁ ခု ၏ ထက်ဝက်ကျော်၌ လူအပြည့်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ကူးစက်မှုလှိုင်းနှင့် လက္ခဏာမပြသော ကူးစက်မှုများကို ကျယ်ကျယ်ပြန့် ပြန့် ထိန်းချုပ်နိုင်ရန် အစိုးရအနေဖြင့် ဟောင်ကောင်နေပြည်သူများအနက် ငါးသန်းခန့်ကို ဓာတ်ခွဲနမူနာ စစ်ဆေးပေးရန် လိုအပ်ကောင်း လိုအပ်နိုင်သည်ဟု ကျန်းမာရေးပညာရှင် များက ထောက်ပြ ပြောဆိုခဲ့သည်။

ဇန်နဝါရီလ အနှောင်းပိုင်းတွင် COVID-19 ကူးစက်မှု စတင်ခဲ့ပြီးနောက် ဟောင်ကောင်၌ လက်ရှိအချိန်အထိ ကူးစက်သူ ၄၈၀၀ ကျော်ရှိနေပြီဖြစ်သည်။