ရခိုင်ပြည်နယ် ကုန်စည်မပြတ်တောက်စေရန် တစ်ရက်လျှင်ကုန်ကား ၁ဝ စီးကျော်ဝင်ရောက်နေ

ရခိုင်ပြည်နယ် ကုန်စည်မပြတ်တောက်စေရန် တစ်ရက်လျှင်ကုန်ကား ၁ဝ စီးကျော်ဝင်ရောက်နေ

ရခိုင်ပြည်နယ်တွင် အခြေခံစား သောက်ကုန်များ၊ စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှု မရှိစေ ရန် တစ်ရက်လျှင် ကုန်တင်ယာဉ် ၁ဝ စီးကျော်ဝင်ရောက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်အောင်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံစား သောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်း များ ဈေးကွက်တွင်း ပြတ်လပ်မှုမရှိ ရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာရောင်းဝယ် နိုင်ရေးအတွက် သြဂုတ် ၃၁ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းနှင့်ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းတို့ဆွေးနွေးခဲ့ကြသည်။

''တိုင်းနဲ့ ပြည်နယ်အစပ်တွေမှာ လက်ခံရေးစခန်းတွေ ဆောက်ပြီးတော့ ကုန်စည်ဖလှယ်တာ၊ ယာဉ်မောင်းပြောင်း တာဖြစ်ဖြစ် လုပ်ပါဆိုပြီးကြေညာ လိုက်ပါတယ်။ နောက်ပိုင်းမှာ သက်ဆိုင် ရာ တိုင်းနဲ့ပြည်နယ်တွေကလည်းအကောင်အထည်ဖော်တဲ့အတွက် တဖြည်းဖြည်းနဲ့ ကုန်စည်တွေဝင်ရောက်နေပါ တယ်။ သိပ်ပြီး ဆိုးဆိုးရွားရွားပြတ် တောက်သွားတဲ့အခြေအနေမျိုးတော့ မရှိသေးဘူး''ဟု ဦးတင်အောင်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင် ရောက်ရန် ဝင်ပေါက်သုံးခု ပေးထားပြီး မကွေးတိုင်းက ဝင်ရောက်မည်ဆိုပါ က အမ်းမြို့တွင်လည်းကောင်း၊ ပဲခူး တိုင်းမှ ဝင်ရောက်မည်ဆိုပါက တောင် ကုတ်မြို့နှင့် ဧရာဝတီတိုင်းမှ ဝင်ရောက် မည်ဆိုပါက ဂွမြို့အနီးတွင် လက်ခံ ရေးစခန်းများထားရှိကာ ဆောင်ရွက် နေသည်ဟု ၎င်းက ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်တို့မှ နေ့စဉ် ပုံမှန်ကုန်စည်ကားစီးရေ ၃ဝ မှ ၅ဝ ကြား ရခိုင်ပြည်နယ်သို့ ဝင်ရောက် လေ့ရှိပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် Semi-Lockdown ချမှတ်လိုက်ရာ ကုန်စည်ကားများဝင်ရောက်လာနိုင် ခြင်းမရှိတော့သော်လည်း သက်ဆိုင်ရာမှ စီစဉ်ပေးမှုကြောင့် လက်ရှိတွင် ကုန်တင် ကား ၁ဝ စီးကျော် ဝင်ရောက်နေသည်။

ကုန်စည်များတင်ပို့ရာတွင် အဆင့် ဆင့်ဖြတ်သန်းရပြီး သယ်ယူပို့ဆောင် ရေးစရိတ်ပိုမိုကုန်ကျခြင်း၊ စစ်တွေမြို့ သို့ ဝင်ရောက်ရာတွင် ယာယီအဝေးပြေး ကွင်းထားရှိကာ ကုန်စည်များတင်ပို့ ရခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ် အနည်းငယ်မြင့်တက်မှုမှလွဲပြီး ကုန် ဈေးနှုန်းကြီးမြင့်စရာမရှိကြောင်း ဦးတင် အောင်ဦးက ပြောသည်။

အကယ်၍ ကုန်စည်များပြတ် တောက်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းများ ကြုံရပါက UMFCCI နှင့် ညီနောင်အ သင်းများက ဆန်၊ဆီ၊ ကြက်သွန်များ တင်ပို့နိုင်ရန် စီစဉ်ထားသည်ဟု သိရ သည်။ ထို့ပြင် ရခိုင်ပြည်နယ်သို့ ကုန် စည်ပို့ဆောင်ရာတွင် ကုန်းလမ်းမှသာမ က ရေကြောင်းမှပါ တင်ပို့နိုင်ရန်ဆောင် ရွက်နေသည်။

လက်ရှိ ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲမရှိသော်လည်း ဆေးနှင့် ဆေးဝါးများတင်သွင်းရာတွင် စုံစမ်းစစ် ဆေးမှုများပြားခြင်းတို့ကြောင့် ကြန့်ကြာ မှုများရှိနေသည်။ မြန်မြန်ဆန်ဆန်တင် ပို့နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြထားကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဌက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး