မန်စီးတီးနှင့် ပေါင် ၆၂၃ သန်းတန် စာချုပ်ချုပ်ဆိုရန် မက်ဆီ သဘောတူ

မန်စီးတီးနှင့် ပေါင် ၆၂၃ သန်းတန် စာချုပ်ချုပ်ဆိုရန် မက်ဆီ သဘောတူ

ကာလရှည်ကြာစွာကစားခဲ့သော ဘာစီ လိုနာမှ အသင်းပြောင်းခွင့် တောင်းဆိုထား သော (၃၃)နှစ်အရွယ် တိုက်စစ်မှူးမက်ဆီ သည် မန်စီးတီးအသင်းနှင့် ပေါင် ၆၂၃ သန်းတန်ကြေးရှိ ငါးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊ အာဂျင် တီးနားတိုက်စစ်မှူးမှာ အားကစားသမိုင်း၌ လုပ်ခလစာအမြင့်မားဆုံးကစားသမားဖြစ် လာမည်ဟု ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

မက်ဆီသည် မန်စီးတီး အသင်းပိုင်ရှင်၏ City Football Group (CFG) နှင့်စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး မန်စီး တီး၌ တစ်နှစ်လျှင် ပေါင် ၁၂၄ ဒသမ ၆ သန်းရရှိမည်ဖြစ်သည်။ မက်ဆီသည် မန်စီး တီး၌ တစ်လလျှင်ပေါင် ၁ဝ ဒသမ ၄ သန်း၊ တစ်ပတ်လျှင် ၂ ဒသမ ၄ သန်း၊ တစ်ရက် လျှင် ပေါင် ၃၄၁,ဝဝဝ၊ တစ်နာရီလျှင်ပေါင် ၁၄,၂ဝဝ အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း The Sun က ဆိုသည်။

သဘောတူညီမှုစာ ချုပ်အရ မက်ဆီသည် မန်စီးတီး၌ သုံးနှစ် ကစားရမည်ဖြစ်ပြီး ကျန်နှစ်နှစ်မှာ CFG ၏ နယူးယောက်စီးတီး၌ ကစားရမည်ဖြစ် ကြောင်း သိရသည်။ မက်ဆီ၏အပြောင်း အရွှေ့အေးဂျင့်ဖြစ်သူ ဖခင်ဂျော့မက်ဆီမှာ စက်တင်ဘာ ၂ ရက်က အာဂျင်တီးနားမှ ဘာစီလိုနာသို့ရောက်ရှိလာပြီး လိပ်ခဲတည်း လည်းဖြစ်နေသော အပြောင်းအရွှေ့ကိစ္စ ရပ်ကို စကားပြောဆိုခဲ့သည်။

မက်ဆီအနေဖြင့် ဆုံးဖြတ်ချက် ပြင်ဆင်မည်ဟုမထင်ကြောင်း၊ လက်ရှိဥက္ကဋ္ဌ ဘာ တိုမြူမှာ အသင်းပြောင်းချင်သူကို ပြောင်းရွှေ့ခွင့်ပေးသင့်ကြောင်း ဘာစီလိုနာအသင်း ၏ ဥက္ကဋ္ဌရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်မည် ဗစ်တာဖောင့်က ဆိုသည်။ မက် ဆီသည် အလွတ်ပြောင်းရွှေ့လိုပြီး ဘာစီ လိုနာကမူ စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇ဝဝ ကို အလိုရှိနေဆဲဖြစ်သည်။ မက်ဆီ သည် ဘာစီလိုနာကစားသမားဘဝ ဘော် လွန်းဒီအော်ဆုကို (၆)ကြိမ်ပိုင်ဆိုင်ခဲ့သည်။

ဆက်စပ်သတင်းများအရ ရော်နယ်ကိုး မန်း၏အစီအစဉ်တွင် ပါဝင်ခြင်းမရှိသော ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုရရှိထားကြောင်း ဆွာရက်ဇ်သည် ဂျူဗင်တပ်စ်၌ အခွန်ဆောင် ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၁ဝ သန်း အကျိုးခံစားခွင့်ရမည်ဟု ယုံကြည်ရသည်။

ကွင်းလယ်လူ ဗီဒယ်မှာလည်း အင်တာ မီလန်သို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရထားသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး