ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူများနှင့် မော်တော်ယာဉ်များကို အရေးယူထားကြောင်းစက်တင်ဘာ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ကိုဗစ် ၁၉ ရောဂါပျံပွားမှုမရှိစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီ အချိန်အထိ အပြင်ထွက်သွားလာခြင်းကို အစိုးရက ဒေသန္တရအမိန့်ဖြင့် ကိုဗစ်စတင်ဖြစ်ပွားသည့် မတ်လ မှစတင်ကာ တားမြစ်ခဲ့သည်။
ထိုသို့တားမြစ်မှုအပေါ်ဖောက်ဖျက်ကျူးလွန်မှုများရှိနေခြင်းကြောင့် ရောဂါပြန့်နှံသူဦးရေများပြားလာခြင်းကြောင့် သက်ဆိုင်ရာက အရေးယူမှူများကို အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ဆောင်ခဲ့သည်။ထိုသို့လုပ်ဆောင်ရာတွင်စက်တင်ဘာ၂ရက်နေ့ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ကျား(၆၁၈)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၆၄၇)ဦး၊ မော်တော်ယာဉ်(၁၁၁)စီး၊ ဆိုင်ကယ်(၁၈)စီးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ တွင် အနိမ့်ဆုံး ၂၀၀ မှအမြင့်ဆုံး ကျပ် ၁၀၀၀ အထိဒဏ်ရိုက်နိုင်ပြီး ထောင်ဒဏ် တစ်မှ ၆ လအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

















