အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက် နှောင့်ယှက်ခံရကြောင်း  တွစ်တာအတည်ပြု

အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက် နှောင့်ယှက်ခံရကြောင်း  တွစ်တာအတည်ပြု

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တစ်ခု တိုက်ခိုက်ခံခဲ့ရကြောင်း တွစ်တာက စက်တင်ဘာ ၃ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။ 

မိုဒီ၏တွစ်တာအကောင့်ကို ဖောလိုးလုပ်သူ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးစနစ်မှတစ်ဆင့် သက်သာချောင်ချိရေး ရန်ပုံငွေလှူဒါန်းရန် တွိဒ်လုပ်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။

ထင်ရှားကျော်ကြားသော ပုဂိုလ်များ၏ တွစ်တာအကောင့်များ ဇူလိုင်တွင် တိုက်ခိုက်ခံခဲ့ရပြီးဖြစ်သည်။ မိုဒီ၏ ဝက်ဘ်ဆိုက်နှင့်ဆက်စပ်မှုရှိသော အကောင့်နှင့် ပတ်သက်ပြီး လှုပ်ရှားမှုများကို သိနေခဲ့သလို လုံခြုံရေးအတွက်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း တွစ်တာက ပြောသည်။

"ဒီအခြေအနေကို ကျွန်တော်တို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ နောက်ထပ်အကောင့်တွေ ထိခိုက်မှုရှိလားဆိုတာကတော့ လက်ရှိအချိန်မှာ ကျွန်တော် တို့လည်း မသိသေးပါဘူး" ဟု တွစ်တာ၏ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်ထုတ်ပြန် ချက်တစ်ခုတွင် ပြောဆိုသည်။

မိုဒီ၏ တွစ်တာအကောင့်တွင် ရေးသားထား သော ကွန်မန့် သို့မဟုတ် မှတ်ချက်များအပေါ်တွင် ဝန်ကြီးချုပ်ရုံးက ပြန်ဖြေကြားခြင်းမပြုခဲ့ချေ။ ဝင်ရောက် ကြည့်ရှုသူ (သို့မဟုတ်) follower ၂ ဒသမ ၅ သန်းခန့် ရှိနေပြီး မိုဒီ၏ပုဂ္ဂလိကဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မှုရှိနေသည့် ယင်းအကောင့်သည် မိုဒီ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး မိုဘိုင်းဖုန်း တွင်လည်း နာရိန္ဒြာမိုဒီ အက်ပလီကေးရှင်း ဖန်တီးပေးထားသည်။ မိုဒီ၏ပုဂ္ဂလိက တွစ်တာအကောင့်မှာမူ ထိခိုက်မှုမရှိခဲ့ချေ။ ယင်းအကောင့်တွင် follower ၆၁ သန်းကျော်ရှိနေသည်။

ဟက်ကာများသည် အမေရိကန် သမ္မတလောင်း ဂျိုးဘိုင်ဒန်၊ အမေရိကန် သမ္မတ ဟောင်း ဘားရက်အိုဘားမား၊ ဘီလျံနာ အီလွန်မတ်စ်ခ် တို့ အပါအဝင် ထင် ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏အကောင့်များကို တိုက်ခိုက်ပြီး ဒီဂျစ်တယ်ငွေကြေး စနစ်မှတစ်ဆင့် ငွေများလွှဲပြောင်းပေးရန် follower များအား တောင်းဆိုခဲ့ပြီးဖြစ်သည်။