ကိုဗစ် ကာလအတွင်းကေတီဗီနှင့်တရားမဝင် အနှိပ်ခန်းလုပ်ကိုင်နေသူ ၁၉ ဦးကို ဖမ်းဆီး

ကိုဗစ် ကာလအတွင်းကေတီဗီနှင့်တရားမဝင် အနှိပ်ခန်းလုပ်ကိုင်နေသူ ၁၉ ဦးကို ဖမ်းဆီး

လားရှိုးမြို့ကားကြီးဝင်းအနီး ကေတီဗီနှင့်တရားမဝင်အနှိပ်ခန်းလုပ်ကိုင်နေသူ ၁၉ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၃ ရက်ည ၁၁ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ရပ်ကွက်(၁)၊နယ်မြေ(၉)ကားကြီးကွင်းအတွင်းရှိ SMART-2KTV အနှိပ်ခန်းဆိုင်ကို လားရှိုးမြို့ရဲတပ်ဖွဲ့ဝင်များက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

ဆိုင်ပိုင်ရှင်ဖြစ်သူဒေါ်သဇင်(၅၂)နှစ်ပါ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၁၁ ဦးကို တွေ့ရှိခဲ့သည်။ COVID -19 ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ ကေတီဗီ နှင့် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသူများကို လားရှိုးမြို့မရဲစခန်းတွင်(ပ)၄၄၆/၂၀၂၀ ၊ သဘာဝဘေးအန္တရာယ် ဥပဒေပုဒ်မ-၂၉ ဖြင့်အမှုရေးဖွင့်အရေးယူထားကြောင်းသိရသည်။