ကျောက်တန်းမြို့တွင် အသက် ၁၅နှစ် အရွယ် ၀မ်းကွဲတူမကိုဦးလေးက သားမယားပြုကျင့်ခဲ့ သည်ဆိုမှုကို ဖမ်းဆီးအရေး ယူထားကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ကျောက်တန်းမြို့နေ အမျိုးသမီးတစ်ဦး၏ခင်ပွန်း အောင်ကိုလွင်(၃၃) နှစ်က တစ်အိမ်တည်းအတူနေ အသက် ၁၅ နှစ် အရွယ် ၎င်းမိန်းမ၏၀မ်းကွဲတူမတော်စပ်သူကို စက်တင်ဘာ ၂ ရက်နေ့ ည ၁၂ အချိန်ခန့်တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။
သားမယားအဖြစ်ပြုကျင့်ခံရသူ၀မ်းကွဲတူမ၏ပြောပြချက်အရ အခင်းဖြစ်ညက အောင်ကိုလွင်သည်အပြင်မှပြန်လာကာ နေအိမ်နောက်ဖေး တံခါးကိုခေါက်သဖြင့် တံခါးဖွင့်ပေးပြီး အိပ်ခန်းအတွင်း ပြန်လာခဲ့ကြောင်း၊(၁၅)မိနစ်ခန့် အကြာတွင် အောင်ကိုလွင်မှခြင်ထောင်ကိုလာလှန်၍ ထမင်းလာခူးပေးရန်ပြောသဖြင့် အိပ်ယာမှထစဉ် လက်ကိုလှမ်းဆွဲပြီး အတင်းတွန်းလှဲကာခန္ဓာကိုယ်ဖြင့်ဖိ၍သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အောင်ကိုလွင်အားအရေးယူပေးရန် တိုင်ကြားခဲ့သည်။ပြစ်မှုကျူးလွန်သူ အောင်ကိုလွင် (၃၃)နှစ်ကို ကျောက်တန်းမြို့မရဲစခန်းတွင် (ပ)၁၁၃၀/၂၀၂၀၊ပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားသည်။

















