စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့သို့ လာရောက်သည့် ရန်ကုန်ပြန် ခရီးသည်များအနေဖြင့် ကျန်းမာရေး ထောက်ခံစာမပါရှိပါက Quarantine ၂၁ ရက်နေထိုင်ရမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘက်ကလာတယ်ဆိုရင်တော့ အထူး စစ်ဆေးမှုပြုလုပ်ပြီး Quarantine ထားပါတယ်။ ရန်ကုန်မြို့ဘက်ကပြန် လာတဲ့ခရီးသည်တွေကိုတော့ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနရဲ့ ကျန်းမာရေးထောက်ခံချက်မပါရင် ၂၁ ရက် Quarantine ဝင်ရပါမယ်။အခုလတ်တလောမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေတဲ့အတွက် ကလေးမြို့နယ်အတွင်းနဲ့ ကလေးမြို့ ပေါ်မှာ နှာခေါင်းစည်းတပ်ဆင်သွား လာဖို့၊ လမ်းမနဲ့ လူစုလူဝေးရှိရာနေရာ များကိုရှောင်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ လက်ဆေးဖို့ ပညာပေးဆော်သြရေးတွေကို အရပ်ဘက်အဖွဲ့တွေနဲ့ပေါင်း ပြီး ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် Quarantine ရောဂါပိုးစတင်တွေ့ရှိသည့် မတ်လမှ စတင်ကာ ကလေးဒေသတွင် အသွား အလာကန့်သတ်မှုများ၊ ညမထွက်ရ အမိန့်များနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးမှုများကို ခရိုင်မြို့နယ်ဌာနဆိုင်ရာများ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များ၊ နာရေးကူညီမှုအသင်းများ၊ စေတနာရှင်လုပ်အားပေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
''ကျန်းမာရေးထောက်ခံချက်မပါရင် ကလေးတက္ကသိုလ် ဇလပ်ဝါဆောင်မှာ ၂၁ ရက် Quarantine ထားပါတယ်၊ တချို့ခိုးဝင်လာတာမျိုးရှိပါတယ်။အဲ ဒါမျိုးဆိုရင် အတူနေမိသားစုအားလုံး၊ ထိတွေ့ခဲ့သူအားလုံး Quarantine ဝင်ရမှာဖြစ်ပါတယ်''ဟု Quarantine ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးတင်ထွန်းဝင်းက ပြောသည်။
လက်ရှိအချိန်အထိ ကလေးမြို့ တက္ကသိုလ် ဇလပ်ဝါဆောင်၌ ၂၁ ရက် Quarantine ထားရှိထားသူပေါင်း အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၄၄ ဦး စုစုပေါင်း ၁၃ဝ ရှိကြောင်း သိရ သည်။

















