နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သူက ပိုးသတ်ဆေးသောက် မိမိကိုယ်ကိုသေကြောင်းကြံ

နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်ခဲ့သူက ပိုးသတ်ဆေးသောက် မိမိကိုယ်ကိုသေကြောင်းကြံ

စက်တင်ဘာ ၄ ရက်ည ၈ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပလရ.ရပ်ကွက်၊ ကရုဏာ(၄)လမ်းရှိ နေအိမ်တစ်အိမ်တွင် လူလေးဦး ဓားဖြင့် ထိုးခံရသည်ဟု သတင်းအရ မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အခင်းဖြစ်ရာနေရာတွင် မကြူကြူဝေဆိုသူတွင် ဝဲပါးပြတ်ရှဒဏ်ရာ(၂)ချက် ၊လည်ဂုတ် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုင်းအောက်ပြတ်ရှဒဏ်ရာ(၁)ချက်၊ကျောကုန်း ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို လည်းကောင်း၊ ဝင်းထက်ကျော်(၁၃))နှစ်တွင် ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိကာ သေဆုံးနေသည်ကို လည်းကောင်း တွေ့ရှိခဲ့ပြီ၊း မမျိုးမျိုးသန့်(၄၂))နှစ်တွင် ယာဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာပါး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာပခုံးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို လည်းကောင်း၊ မသွန်းမြတ်ရတီစိုး(ခ)ပူစူးမ(၆))နှစ် တွင် ကျောကုန်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို လည်းကောင်း တွေ့ရသည်။

သက်ဆိုင်ရာက စုံစမ်းခဲ့ရာ ဓားနှင့်ထိုးသူမှာ မိုးသူရ(ခ)ပြောင်ကြီး(၄၄))နှစ်ဖြစ်ကြောင်းသိရပြီး ဖြစ်စဉ်တွင် ဒဏ်ရာရရှိထားသည့် မမျိုးမျိုးသန့်နှင့် လွန်ခဲ့သော(၅))နှစ်ခန့်ကအိမ်ထောင်ကျခဲ့သူဖြစ်ကြောင်း သိရသည်။ ထို့နောက် နှစ်ဦးသား သဘောထားမတိုက်ဆိုင်သဖြင့်နှစ်ဦးသဘောတူ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ တရားဝင်ကွာရှင်းပြတ်ဆဲထားသူဖြစ်ပြီး အဆိုပါကိစ္စကို မကျေနပ်သဖြင့် မမျိုးမျိုးသန့်၏နေအိမ်သို့ မိုးသူရ(ခ) ပြောင်ကြီးက ရောက်ရှိလာကာ မမျိုးမျိုးသန့်နှင့် စကားများရန်ဖြစ်ကြကြောင်း သိရသည်။ ထိုသို့ စကားများရန်ဖြစ်စဉ် မမျိုးမျိုးသန့်၏ သားနှင့်သမီးဖြစ်သူ ဝင်းထက်ကျော်နှင့် မသွန်းမြတ်ရတီစိုး(ခ)ပူစူးမ၊ ညီမဖြစ်သူ မကြူကြူဝေ တို့သုံးဦးက ဝင်ရောက်ဖြန်ဖြေရာ မိုးသူရ(ခ)ပြောင်ကြီးက လေးယောက်စလုံးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ မိုးသူရ(ခ)ပြောင်ကြီးအား စစ်ဆေးနိုင်ရန် ရှာဖွေခဲ့ရာ အခင်းဖြစ်အပြီး(၂)နာရီအတွင်း ကြူစမ်းရွာအနီး ငါးကန်၌ ဖမ်းဆီးရမိခဲ့သည်။ ၎င်းအား ဖမ်းဆီးရမိစဉ် အနီးတွင် စိုက်ခင်း ပိုးကျပါက ဖျန်းရသော ရွက်ဖျန်းပိုးသတ်ဆေးဘူးနှင့်အတူ အင်္ကျီအိတ်ကပ်အတွင်း မမျိုးမျိုးသန့်နှင့်ကွာရှင်းထားသော စာချုပ်တစ်ခု တွေ့ရပြီး ယင်းစာချုပ် နောက်ကျောတွင် "ငါသေဆုံးခဲ့ပါက ငါ့ကိုခွင့်လွှတ်ဖို့"အစရှိသဖြင့် ရေးသားထားသော စာချုပ်တစ်ဆောင်ကို သိမ်းဆည်းရမိခဲ့သည်။ ပိုးသတ်ဆေးသောက်၍ မိမိကိုယ်မိမိ သေကြောင်းကြံထားသော မိုးသူရ(ခ)ပြောင်ကြီးကို ရဲဆေးစာနှင့်အတူ ဆေးရုံ၌ပို့ဆောင်ကုသမှု ခံယူစေလျက်ရှိပြီး မင်္ဂလာဒုံမြို့မ ရဲစခန်း အမှုကြီးအမှတ်စဉ်(၈/၂၀၂၀)၊(ပ)၁၁၉၄/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။