ကိုဗစ်စစ်ဆေးချက် နှစ်ကြိမ်စလုံး ပိုးမတွေ့တော့သည့် အတည်ပြုလူနာ ၁ဝ ဦးကို စက်တင်ဘာ ၅ ရက် ညနေ ပိုင်းတွင် စစ်တွေဆေးရုံကြီးမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
စစ်တွေမြို့တွင် ကိုဗစ်အတည်ပြု လူနာ၂၇၅ ဦးရှိပြီး ယင်းအနက် ၁ဝ ဦး မှာ ကိုဗစ်စစ်ဆေးချက် နှစ်ကြိမ်စလုံး ပိုးမတွေ့တော့သဖြင့် ဆေးရုံဆင်းအခမ်း အနားကျင်းပကာ ဆေးရုံမှ ဆင်းခွင့်ပြု ခြင်းဖြစ်သည်။ ဆေးရုံဆင်းအခမ်း အနားကို စက်တင်ဘာ ၅ ရက်က စစ်တွေ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည်။
''ဘာမှမကြာသေးတဲ့အချိန်မှာ အခုလို ကိုဗစ်ရောဂါပျောက်ကင်းတာဟာ ကျွန်တော်တို့ စစ်တွေအတွက်ရော တစ်နိုင်ငံလုံးအတွက်ပါ အားတက်စရာ သတင်းကောင်းပါပဲ''ဟု စစ်တွေမြို့သား တစ်ဦးက ပြောသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စစ်တွေပြည် သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာဇော်လွင်နှင့် သမားတော်ကြီးများ၊ ဆရာဝန်များ၊ ဆေးရုံအတွင်း ဝန်ထမ်း များတက်ရောက်ခဲ့ကြသည်။ အခမ်း အနား၌ စစ်တွေဆေးရုံအုပ်ကြီး ဒေါက် တာဇော်လွင်က ရောဂါပျောက်ကင်း သွားသူ ၁ဝ ဦးအတွက် ဝမ်းမြောက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာယဉ်မိုးခိုင်က ဆေးရုံဆင်း လူနာများလိုက်နာရန် အချက်များအား မှာကြားခဲ့သည်။
၎င်း ၁ဝ ဦးအား ရောဂါပျောက် ကင်းကြောင်း လက်မှတ်ပေးခဲ့သည်။ရောဂါပျောက်ကင်းသွားသူ ၁ဝ ဦးထဲ တွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ဖြစ်ပြီး COVID-19 အတည် ပြုလူနာ ၄၂ဝ၊ ၄၂၁၊ ၄၂၂၊ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၃ဝ၊ ၄၃၁ နှင့် ၄၃၄ တို့ဖြစ်သည်။
စစ်တွေမြို့ရှိ ကိုဗစ်လူနာများကို စစ်တွေဆေးရုံကြီး၊ စစ်တွေ သားဖွား နှင့် သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့တွင် ကုသမှုပေး လျက်ရှိသည်။

















