သေနတ်နှင့်ခြိမ်းခြောက်သူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လက်နက်၊လက်ပစ်ဗုံးနှင့်စစ်သုံးပစ္စည်းများဖမ်းဆီးရမိ

သေနတ်နှင့်ခြိမ်းခြောက်သူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လက်နက်၊လက်ပစ်ဗုံးနှင့်စစ်သုံးပစ္စည်းများဖမ်းဆီးရမိ

ပြည်မြို့တွင် သေနတ်နှင့်ခြိမ်းခြောက်သူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ က လက်နက်၊ လက်ပစ်ဗုံးနှင့် စစ်သုံးပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၄ ရက်ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်၊ပြည်မြို့၊မြင်းတပ်လမ်း၊တရုတ်စု၊နဝင်းရပ်ကွက်နေ ဦးတင်ထွန်းငြိမ်းသည် ၄င်းအား TOYOTA CELSLOR အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှအသက်(၄၀)နှစ်၀န်းကျင်ခန့်ရှိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကြောင်း သတင်းပေးတိုင်တန်းချက်အရ ပြည်အမှတ်(၁)နယ်မြေရဲစခန်းမှနယ်ထိန်းတပ်ဖွဲ့၀င်များနှင့် ပြည်အမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့၀င်များက ပူးပေါင်းစုံစမ်းခဲ့သည်။

သေနတ်ဖြင့်ခြိမ်းခြောက်သူများမှာ ပြည်မြို့၊ပြည်သာယာရပ်ကွက်၊အောင်ချမ်းသာ(၁)၊ကမ္ဘာ့ဘဏ်လမ်းနေ ဖြိုးဝေလွင် နှင့် သူရလွင်တို့ နှစ်ဦးဖြစ်ကြောင်းသိရသဖြင့် ပြည်မြို့အမှတ်(၃.)ရဲစခန်းမှစခန်းမှူး၊ရဲအုပ်ကံထွန်းနှင့် အဖွဲ့က စက်တင်ဘာ ၅ ရက်နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပြည်သာယာရပ်ကွက်၊အောင်ချမ်းသာ(၁)၊ကမ္ဘာ့ဘဏ်လမ်းရှိ ဖြိုးဝေလွင်နှင့်သူရလွင်တို့၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။

၎င်းတို့ခြံဝင်းအတွင်း အခင်းဖြစ်စဉ်ကအသုံးပြုခဲ့သည့် TOYOTA CELSIOR အမျိုးအစားဆလွန်းကားအဖြူရောင်ကိုတွေ့ရှိခဲ့ရပြီး၊အဆိုပါယာဉ်ကို သက်သေများနှင့်အတူရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ပလပ်စတစ်အကြည်ရောင်နှင့်စစ်စိမ်းရောင်ပြောက်ကျားရောစပ်ချုပ်ထားသောစစ်သုံးလက်ဆွဲအတ်အတွင်းမှ ဒင်အမှတ် S- 84139နံပါတ်ပါ ၊သေနတ်ဒင်တွင်သစ်သားကာဗာတပ်ဆင်ထားသောအမေရိကန်နိုင်ငံလုပ် စတီးရောင်ခြောက်လုံးပြူး (၁)လက်၊၄င်းကျည်ထိပ်ဖူးပါ စတီးရောင်ကျည်(၅)တောင့်၊ထိပ်ဖူးမပါ စတီးရောင်ကျည် (၁)တောင့်၊တပ်မတော်မှဗိုလ်မှူးတံဆိပ်အဆင့်(ချည်ထိုး)ပုခုံးထောက်တစ်စုံ၊တပ်မတော်အဆင့်တံဆိပ်ကော်လံကြပ်(ချည်ထိုး)တစ်စုံ၊နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ်ပါ၊အစိမ်းရောင်မှတ်စုစာအုပ်တစ်အုပ်၊တပ်မတော်လုပ်သက်အဆင့်တံဆိပ်ရင်ထိုးတစ်စုံတို့ကိုရှာဖွေတွေ့ရှိခဲ့သည်။

ဆက်လက်ပြီး၄င်းတို့၏နေအိမ်ကိုဆက်လက်ရှာဖွေခဲ့ရာ၊ PIETROBERETTAGARDONEVTMADEINITALY စာတမ်းပါဘောစိသေနတ်(ကျည်အိမ်ပါ)(၁)လက်၊၅.၅၆မမကျည်(အသစ်)(၄၆၀)တောင့်၊၅.၅၆မမကျည်(အဟောင်း)(၃၅)တောင့်၊၅.၅၆ဗလာကျည်(၇)တောင့်၊၇.၆ဗို့ကျည်(အဟောင်း)(၁)တောင့်၊.၃၂ကျည်(အဟောင်း)အရှည်(၃)တောင့်၊အတို(၂)တောင့်၊၅.၅၆မမကျည်ခွန်(၆)တောင့်၊M-16ကျည်ဘောက်အရှည်(၂)ခု၊M-16ကျည်ဘောက်အတို(၁)ခု၊ပွိုင့်၅ကျည်ခွန်(အကြီး)(၁)ခု၊ချိန်စိုက်တင်ခုံ၊(၁)ခု၊M-16မောင်းတုံး(၁)ခု၊AR-15မောင်းပြန်စပရိန်(၁)ခု၊HANDGRENADE(CSBurning)(၁)လုံး၊M-16မောင်းပြန်စပရန်ဟုထင်ရသောစပရိန်(၁)ခု၊စိန်ရောင်ခြည်လက်ပစ်ဗုံး(၆)လုံး၊၉မမကျည်(၅၀)တောင့်တို့အား သက်သေများရှေ့မှောက်တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းရမိခဲ့သည်။

လိုင်စင်မဲ့လက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား လက်ဝယ်ကိုင်ဆောင်သိုလှောင်ထားရှိသူ၊ဖြိုးဝေလွင်(၃၇)နှစ်၊ သူရလွင်(၃၇)နှစ်တို့ကို ပြည်မြို့၊အမှတ်(၃)နယ်မြေရဲစခန်းက(ပ)၄၅၈/၂၀၂၀ လက်နက်အက်ဥပဒေပုဒ်မ၁၉(စ)ဖြင့်အမှုဖွင့်အရေးယူထားသည်။