ဆိုင်အတွင်းဇနီးနှင့်ထမင်းစားနေသူကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့်ပစ်သတ်သွား

ဆိုင်အတွင်းဇနီးနှင့်ထမင်းစားနေသူကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့်ပစ်သတ်သွား

လားရိူးမြို့တွင် ဆိုင်အတွင်း ဇနီးနှင့်ထမင်းစားနေသူကို ကားတစ်စီးပေါ်မှ သေနတ်နှင့် ပစ်ခတ်ရာမှ သေဆုံးမှုကို စုံစမ်းနေကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၅)အောင်သပြေလမ်းပေါ်လမ်း၊နှင့်ရွှေညောင်ပင်လမ်းဒေါင့်ရှိအမှတ်(ဆ/၅/၇၅) နေအိမ်တွင် လူတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သတင်းအရ ခေတ္တစခန်းမှူး ရဲအုပ်စိုင်းနေမျိုးနှင့်နယ်ထိန်းအဖွဲ့ခေါင်းဆောင်ရဲအုပ်စိုးမိုးဌေးနှင့်အဖွဲ့အရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်တွင် ဦးလွှေကြူးရင် ၆၄ နှစ် မှာ ဝဲလည်ပင်းဖောက်ဝင်၊ဝဲပါးရှပ်ထိ၊ညာညှပ်ရိုးဖောက်ဝင်၊ယာရင်ညွန့်ဖောက်ဝင်၊ယာရင်အုံ ဖောက်ဝင်ဒဏ်ရာများ ရရှိကာနေရာတွင်ပင်သေဆုံးနေသည်ကိုတွေ့ရသည်။

စုံစမ်းချက်အရ ဦးလွှေကြူးရင် မှာ ဇနီးဒေါ်ကျိန်ဖိန်းဟုန်နှင့်အတူဆိုင်အတွင်း ထမင်းစားနေစဉ် စျေးဆိုင်အရှေ့သို့ Crown(အဖြူ)တစ်စင်းရောက်ရှိလာပြီး ယာဉ်ပေါ်မှ သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ကာ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်းသိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို လားရိူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး လားရှိုးမြို့မရဲစခန်းက အမှုဖွင့် စုံစမ်းလျက်ရှိသည်။