ဂျပန်တောင်ပိုင်းသို့ တိုင်ဖွန်းဟိုင်ရှန် ဝင်ရောက်တိုက်ခတ်

ဂျပန်တောင်ပိုင်းသို့ တိုင်ဖွန်းဟိုင်ရှန် ဝင်ရောက်တိုက်ခတ်

ဂျပန်နိုင်ငံတောင်ပိုင်းကုန်းမကြီးသို့ စက်တင်ဘာ ၆ ရက်တွင် တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရှိခဲ့ပြီး အရေးပေါ်နေရာရွှေ့ပြောင်းမှုများကို ပြုလုပ်ခဲ့ရသည်။

အိုကီနာဝါ၊ကာဂိုရှီးမား၊ ကျူးရှူးကျွန်းရှိ ကူမာမိုတိုနှင့် နာဂါဆာကီတို့ရှိ အိမ်ထောင်စု ၁၀၀၀၀၀ ကျော်ကို အရေးပေါ်နေရာရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းသည် ကျူးရှူးကျွန်းသို့ ဦးတည်ဝင်ရောက်နေပြီး မိုးသည်းရေကြီးမှုများရှိလာနိုင်ကြောင်း ဝန်ပြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုခဲ့သည်။ ကာဂိုရှီးမားနှင့် အခြားနေရာတချို့၌ နှာခေါင်းစည်းတပ်ထားသော သက်ကြီးရွယ်အိုများစွာသည် အရေးပေါ်ခိုလှုံရေးစခန်းများသို့သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင် NHK သတင်းဌာနကဖော်ပြခဲ့သည်။

တိုင်ဖွန်းကြောင့် ကာဂိုရှီးမားစီရင်စုရှိ နေအိမ်အလုံး ၃၀၀၀၀ ခန့်နှင့် အိုကီနာဝါရှိ နေအိမ်အလုံး ၃၀၀၀ ခန့် လျှပ်စစ်ဓာတ်အားမရရှိဘဲနေထိုင်ခဲ့ရကြောင်း NHK က ဖော်ပြခဲ့သည်။

ရီလွင် ဘာသာပြန်သည်။