COVID-19 တိုက်ဖျက်ရေး စည်းမျဉ်းလိုက်နာလာရန် လူမှုမီဒီယာမှတစ်ဆင့် စောင့်ကြည်ရန် ဖိလစ်ပိုင်ရဲတပ်ဖွဲစီစဉ်မှု ဝေဖန်ရှိနေ

COVID-19 တိုက်ဖျက်ရေး စည်းမျဉ်းလိုက်နာလာရန် လူမှုမီဒီယာမှတစ်ဆင့် စောင့်ကြည်ရန် ဖိလစ်ပိုင်ရဲတပ်ဖွဲစီစဉ်မှု ဝေဖန်ရှိနေ

COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ချမှတ်ထားသည့် သီးခြားထားရှိစောင့်ကြည့်ရေးစည်းမျဉ်းများကို လိုက်နာလာရေးအတွက် လူမှုမီဒီယာမှတစ်ဆင့် စောင့်ကြည့်မှုများပြုလုပ်ရန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြင်ဆင်နေမှုသည် အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများရှိနေပြီဖြစ်သည်။

COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ချမှတ်ထားသည့် သီးခြားထားရှိစောင့်ကြည့်ရေးစည်းမျဉ်းများကို လိုက်နာလာရေးအတွက် လူမှုမီဒီယာမှတစ်ဆင့် စောင့်ကြည့်မှုများပြုလုပ်ရန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြင်ဆင်နေမှုသည် အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများရှိနေပြီဖြစ်သည်။

COVID-19 ကူးစက်မှုလျှော့ချရေးစည်းမျဉ်းများကို မလိုက်နာသူများအား ဒဏ်ငွေနှင့် ပြစ်ဒဏ်များချမှတ်မည်ဖြစ်ပြီး အရက်ဆိုင်ရာပိတ်ပင်ချက်ချိုးဖောက်သူများကိုလည်း ကြီးလေးသော ပြစ်ဒဏ်များချမှတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်၌ သီးခြားထားရှိစောင့်ကြည့်ရေးစည်းမျဉ်းများ လိုက်နာရေးတာဝန်ယူထားရသည့် အထူးအဖွဲ့အကြီးအကဲ ရဲချုပ် ဂူလာမို အဲလီယာဇာကပြောဆိုခဲ့သည်။

COVID-19 တိုက်ဖျက်ရေးစည်းမျဉ်းလိုက်နာလာရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို အများပြည်သူဆိုင်ရာနေရာများတွင် ပိုမိုမြင်တွေ့ရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့သတင်းပေးများမှ အစီရင်ခံမှုများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားမည်ဖြစ်ကြောင်း အဲလီယာဇာကပြောဆိုခဲ့သည်။

မနီလာ၌ ဒုတိယအကြော့ချမှတ်ထားသည့် ကူးသန်းသွားလာမှုကန့်သတ်ချက်များသည် သြဂုတ် ၁၉ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း မြို့နေများသည် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းတပ်ရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးကြား တစ်မီတာခြားကာ နေထိုင်ရမည်ဖြစ်ကာ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များသည် နေအိမ်၌သာ နေထိုင်ရမည်ဖြစ်သည်။

ရဲတပ်ဖွဲ့သည် လူမှုမီဒီယာအသုံးပြုမှုကို ပိုမိုထိန်းချုပ်ရန် စီစဉ်လိုက်မှုကြောင့် နိုင်ငံကို အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရန် ပြင်ဆင်နေမှု ပိုမိုထင်ရှားလာခဲ့ကြောင်း လက်ဝဲဝါဒီလှုပ်ရှားမှုအဖွဲ့ ဘာယန်၏အတွင်းရေးမှူး ရေနဲတို ရေးစ်ကပြောဆိုခဲ့သည်။

ရဲမှူးတစ်ဦးသည် မေတွင် လူစုလူဝေးမပြုရ စည်းမျဉ်းကို ချိုးဖောက်ခဲ့သော်လည်း ပြစ်ဒဏ်မပေးခံရသဖြင့် အစိုးရသည် ၎င်းတို့အဖွဲ့ဝင်များအပေါ် သက်ညှာနေပြီး ပြည်သူများအပေါ်တွင်သာ တင်းကျပ်နေခြင်းဖြစ်ကြောင်း အတိုက်အခံများကပြောဆိုခဲ့သည်။

မြို့တော်၏လုံခြုံရေးတာဝန်ယူထားသည့် ရဲမှူး ဒဲဘိုး ဆီနာစ်သည် နှာခေါင်းစည်းမတပ်ထားသည့် လူတစ်စုနှင့်အတူ အနီးကပ်ထိုင်ပြီး မွေးနေ့ပွဲကျင်းပနေပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံများကို ရဲတပ်ဖွဲ့၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဆီနာစ်က နောက်ပိုင်းတွင် တောင်းပန်ခဲ့သည်။

လူစုလူဝေးပြုမှုဖြင့် ဆီနာစ်အား ရာဇဝတ်မှု၊ အုပ်ချုပ်ရေးဆိုင်ရာပြစ်မှုများဖြင့် အမှုဖွင့်ထားပြီးဖြစ်ကြောင်း အဲလီယာဇာကပြောဆိုခဲ့သည်။ ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူ ၂၃၄၅၇၀ နှင့် သေဆုံးသူ ၃၇၉၀ ရှိနေသည်။