ဟုမ္မလင်းမြို့နယ် ဖာနိုင်းကျေးရွာ၌ ပစ္စတိုသေနတ် ၃ လက် ၊ ဘိန်းမဲ နှင့် ကျပ်သိန်း ၄၀၀၀ ကျော် သိမ်းဆည်းရမိ

ဟုမ္မလင်းမြို့နယ် ဖာနိုင်းကျေးရွာ၌ ပစ္စတိုသေနတ် ၃ လက် ၊ ဘိန်းမဲ နှင့် ကျပ်သိန်း ၄၀၀၀ ကျော် သိမ်းဆည်းရမိ

ဟုမ္မလင်းမြို့နယ် ဖာနိုင်းကျေးရွာ အတွင်း ပစ္စတိုသေနတ် သုံးလက်၊ ဘိန်းမဲ နှင့်အတူ ငွေသားကျပ် သိန်း ၄၀၀၀ ကျော်နှင့်အတူ  ဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာ ၇ ရက် နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဟုမ္မလင်း မြို့နယ်၊ ဖာနိုင်းကျေးရွာနေ အောင်မြင့်သောင်း(ခ)စိုင်းသောင်းဆိုသူသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုနှင့် အဆက်အသွယ်ရှိကြောင်း သတင်းအရ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်း ဦးစီးသောအဖွဲ့၊ ခရိုင်မှုခင်းရဲတပ်ဖွဲ့၊ ဟုမ္မလင်း မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်းကျေးရွာနေ အောင်မြင့်သောင်း(ခ) စိုင်းသောင်း၏ စက်သုံးဆီဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာ ဆီဆိုင်နှင့် တစ်ဝန်းတည်းတွင် လူနေအဆောက်အဦ ၂ လုံး၊ အလုပ်သမားတန်းလျား ၂လုံး၊ ကြက်ခြံ ၂ ခြံ၊ ကြက်စာဂိုဒေါင် ၂ လုံးအား တွေ့ရှိရပြီး ပိုင်ရှင် အောင်မြင့်သောင်း(ခ)စိုင်းသောင်း နေထိုင်သည့် နေအိမ်အား စစ်ဆေးခဲ့ရာ အခန်းအတွင်း သဲသေတ္တာ ၂ လုံး အတွင်းမှ ပစ္စတိုသေနတ် (၃) လက်၊ ကျည်အိမ် (၆)ခု၊ ပစ္စတိုကျည် (၇၅) တောင့်၊ GPS(၁)လုံး၊ ငွေ စက္ကူရောရာ ၄၅၀၂၆၅၀၀၀ ကျပ် နှင့်အတူ ဘိန်းမဲ (၃) ကျပ်သားခန့် ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ အောင်မြင့်သောင်း(ခ)စိုင်းသောင်းအား ဟုမ္မလင်း မြို့မရဲစခန်းက အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။