ဘာစီလိုနာ၌ ကစားနေသော အသက်(၁၇)နှစ်အရွယ် တောင်ပံကစားသမား ဖာတီသည် စက်တင်ဘာ ၆ ရက်က ယူကရိန်းနှင့်ကစားခဲ့သည့် နေးရှင်းလိဂ်ပွဲတွင် စပိန်လက်ရွေးစင် အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ရာ လွန်ခဲ့ သည့် ၉၅ နှစ်က တင်ရှိခဲ့သောစံချိန်ကို ချိုးဖျက်၍ စပိန် အသင်း၏ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
စပိန်သည် မက်ဒရစ်၌ ယူကရိန်းနှင့်ကစားခဲ့ခြင်းဖြစ်ပြီး လေးဂိုးပြတ်အနိုင်ရခဲ့ရာ အသင်းအတွက် ဂိုးများကို ရာမို့စ် တစ်ဦးတည်းက နှစ်ဂိုးသွင်းယူကာ ကျန်ဂိုးများကို ဖာတီနှင့် ဖာရန်တောရက်စ်တို့က သွင်းယူပေးခဲ့သည်။ ဖာတီသည် ပွဲချိန် ၃၂ မိနစ်တွင် ရီဂယ်လွန်၏ ဖန်တီးမှုမှတစ်ဆင့် တတိယ မြောက် ဂိုးသွင်းယူနိုင်ခဲ့သည်။
ဖာတီသည် ယူကရိန်းနှင့်ပွဲ၌ ပွဲထွက်ကစားခွင့်ရခဲ့ရာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖာတီသည် ၁၉၂၅ ခုနှစ်က အသက် ၁၈ နှစ် ၃၄၄ ရက်ဖြင့် စံချိန်တင်ထားသော အာရတ်ဇ် ကွင်း၏ စံချိန်ကိုချိုးဖျက်နိုင်ခဲ့၍ ၁၇- နှစ် ၃၁၁ ရက်ဖြင့် စပိန်အတွက် အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာသည်။















