ကာရာဘောင်းဖလား တတိယအဆင့်၌ ရီးဒင်း(သို့မဟုတ်) လူတန်တောင်းနှင့် မန်ယူအသင်းကစားရမည်

ကာရာဘောင်းဖလား တတိယအဆင့်၌ ရီးဒင်း(သို့မဟုတ်) လူတန်တောင်းနှင့် မန်ယူအသင်းကစားရမည်

ရာသီသစ် ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်များကို ထုတ်ပြန်ခဲ့ရာ မန်ယူ သည် ရီးဒင်း (သို့မဟုတ်) လူတန်တောင်းနှင့် ကစားရမည်ဖြစ်ကြောင်း စကိုင်းစပို့တ်က ဖော်ပြခဲ့သည်။

မန်ယူသည် ၂ဝ၁၇ ခုနှစ်က ကာရာဘောင်းဖလားကို နောက်ဆုံးရရှိခဲ့ပြီး ၂ဝ၁၉-၂ဝ ဘောလုံးရာသီ၌ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သော်လည်း မန်စီးတီးကို သုံးဂိုး၊ နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့၍ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

မန်ယူသည် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ရီးဒင်းနှင့် သုံးကြိမ်တွေ့ဆုံခဲ့ဖူးကြောင်း သိရသည်။ ကာရာဘောင်းဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ မန်စီးတီးမှာ ဘုန်းမောက်(သို့မ-ဟုတ်)ပဲလေ့စ်နှင့် ကစားရမည် ဖြစ်ပြီး အာဆင်နယ်မှာ လက်စတာနှင့်တွေ့ဆုံနေသည်။ စပါးအသင်းမှာ လေတန်အိုရီးယန့်(သို့မဟုတ်) ပလိုင်း မောက်နှင့်ကစားရမည် ဖြစ်သည်။

လီဗာပူးမှာ ဘရက်ဖို့ဒ်စီးတီး(သို့မဟုတ်)လင်ကွန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲများကို စက်တင်ဘာ ၁၄ ရက်တွင် ကစားမည်ဖြစ်ပြီး တတိယအဆင့်ပွဲများကိုမူ စက်တင်ဘာ ၂၁ ရက်၌ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး