မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တွင်  အမျိုးသားအနှိပ်ခန်းဖမ်းမိ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တွင်  အမျိုးသားအနှိပ်ခန်းဖမ်းမိ

COVID-19 ရောဂါထိန်းချုပ်ကာလအတွင်း မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့်အမျိုးသားအနှိပ်ခန်းကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စက်တင်ဘာ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၇၆ လမ်း၊ ၃၆x၃၇ လမ်းကြား၊ ရွှေဆည်တော်ဝင်တိုက်တန်းမြောက်ဘက်ခြမ်းရှိ တိုက်ခန်းတစ်ခု၌ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ စက်တင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင်  မဟာအောင်မြေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါအခန်းအတွင်း ဆိုင်ပိုင်ရှင် ကျော်ကိုကိုထက်(ခ) စောမင်းထက် နှင့် အနှိပ်သည် ဝန်ထမ်း အမျိုးသား(၅)ဦးကို ဖမ်းဆီးရမိခဲ့ပြီး မဟာအောင်မြေမြို့မ ရဲစခန်းတွင်(ပ)၅၉၈/၂၀၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။