ပခုက္ကူမြို့တွင် တူမလင်မယားကို သင့်မြတ် အောင်နေဟု ပြောဆိုဆုံးမသည့် ဦးလေးကို တူမ၏ခင်ပွန်းဖြစ်သူမှ စိန်ခေါ်ဆဲဆိုသဖြင့် ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုမှု ကိုဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်တွင် ပခုက္ကူမြို့ ၊ ၁၅ ရပ်ကွက်နေ ဇင်မာခိုင်သည် မိခင်ဖြစ်သူဒေါ်စန္ဒာဌေးနေအိမ်သို့ ခင်ပွန်းဖြစ်သူ ရဲထက်နောင်(၁၉)နှစ်နှင့်အတူအလည်သွားရောက်ပြီးမိခင်ဖြစ်သူနှင့်စကားပြောဆိုခဲ့သည်။
ထိုစဉ်ဖြစ်သူဦးလေးခင်မောင်ထွေး အလည်ရောက်လာပြီးယမန်နေ့က မဇင်မာထွေး နှင့်ခင်ပွန်းရဲထက်နောင်တို့ စကားများ ရန်ဖြစ်ခဲ့ခြင်းကိစ္စနှင့်ပတ်သက်၍ ရန်မဖြစ်ကြရန်ပြောဆိုဆုံးခဲ့သည်။အဆိုပါကိစ္စကိုရဲထက်နောင်က မကျေနပ်သဖြင့်ဇနီးသည်၏ဦးလေးဖြစ်သူ ခင်မောင်ထွေးကို ဆဲဆိုစိန်ခေါ်ကာနေအိမ်သို့ပြန်သွားခဲ့သည်။
မဇင်မာထွေးလည်းအနောက်ကလိုက်ပြန်သွားခဲ့ပြီးနောက် မွန်းလွဲ ၃ နာရီခွဲခန့်တွင်နေအိမ်အရှေ့ရှိချောင်းစပ်ကုန်းပေါ်တွင် ၎င်းတို့လင်မယားထိုင်နေစဉ် ဦးလေးဖြစ်သူခင်မောင်ထွေးရောက်ရှိလာပြီး ၎င်း၏လက်ထဲတွင်အသင့်ယူဆောင်လာသည့်ဓားဦးချွန်ဓားမြှောင်နှင့် ရဲထက်နောင်၏လည်ပင်းကိုထိုးခဲ့သည်။ရုတ်တရက် လည်ပင်းဓားနှင့်အထိုးခံရသူ ရဲထက်နောင်မှာ ဒဏ်ရာဖြင့် မဇင်မာထွေး၏ မိခင်ဖြစ်သူအိမ်ဘက် သို့ထွက်ပြေးသွားပြီးနောက် လဲကျသေဆုံးခဲ့သည်။
ပြစ်မှုကျူးလွန်သူခင်မောင်ထွေး(ခ)စောစိန်မောင်(၃၃)နှစ်ကို အခင်းဖြစ်ရာတွင် အသုံးပြုသည့် အရိုးအသွား(၉)လက္မခန့်၊ဗျတ်(၁)လက္မ ကျော်ခန့်ရှိဓားနှင့်အတူ ပခုက္ကူမြို့မရဲစခန်းတွင်(ပ)၁၀၃၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။

















