ဆီနီဂေါဂိုးသမားမန်ဒီ၏ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ချယ်လ်ဆီး အသင်းနှင့် ဆွေးနွေးမှုစတင်နေပြီဖြစ်ကြောင်း ပြင်သစ်လီဂူးကလပ် ရန်းနက်စ် က အတည်ပြုခဲ့သည်။
ချယ်လ်ဆီးသည် စပိန်ဂိုးသမား ကီပါနှင့်ယှဉ်ပြိုင်စေ ရန် ဂိုးသမားတစ်ဦးအလိုရှိနေရာ အသက်(၂၈)နှစ်အရွယ် မန်ဒီကို အဓိက ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ရန်းနက်စ်အသင်းဥက္ကဋ္ဌက မန်ဒီ၏အပြောင်းအရွှေ့ကို ချယ်လ်ဆီးနှင့်စကားပြောဆိုနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆိုခဲ့သည်။
မန်ဒီ၏ဆန္ဒကိုနားလည်ပါကြောင်း၊ လက်ရှိတွင် အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရသေးကြောင်း၊ သုံးဦးသုံးဖက် သဘောတူညီမှုရရှိရန် လိုအပ်ကြောင်း ရန်းနက်စ်ဥက္ကဋ္ဌ ဟိုလ်ဗက်ခ်က ပြောခဲ့သည်။
ချယ်လ်ဆီးသည် မန်ဒီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၈ သန်း အသုံးပြုရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြလျက်ရှိသည်။















