ဘားအံမြို့ မြိုင်ကလေးမာလာဖူးအကျဉ်းစခန်းမှ အကျဉ်းသားငါးဦး ထွက်ပြေး၊ တစ်ဦးဖမ်းမိ

ဘားအံမြို့ မြိုင်ကလေးမာလာဖူးအကျဉ်းစခန်းမှ အကျဉ်းသားငါးဦး ထွက်ပြေး၊ တစ်ဦးဖမ်းမိ

ဘားအံမြို့ရှိ မြိုင်ကလေးအင်း ပြောင်ကုန်ထုတ်စခန်း၏ စခန်းခွဲဖြစ် သော မာလာဖူးကုန်ထုတ်စခန်းမှ ထောင်ကျအကျဉ်းသားငါးဦးသည် ထွက်ပြေးသွားခဲ့ပြီး၊ ၎င်းတို့ထဲမှ တစ်ဦး ကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က အင်းဗြောင် ကုန်ထုတ်စခန်းခွဲဖြစ်သော မာလာဖူး ကုန်ထုတ်စခန်းမှ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားငါးဦးမှာ မိုးသည်း ထန်စွာရွာသွန်းနေချိန် အလုပ်သိမ်းရန်တန်းစီလူစစ်ဆေးနေစဉ် သံဆူးကြိုး ကာရံထားသည့် ကွန်ကရိတိုင်အား တွန်းလှဲ၍ ထွက်ပြေးကြောင်းသိရ သည်။ ထို့ကြောင့် အကျဉ်းထောင်တပ်သား သက်ရာဇာဖြိုးက MA-11 သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် မောင်မောင်သန်း(ခ)ရခိုင် အသက် (၄၅)နှစ်မှာ ဆက်လက်ထွက်ပြေးနိုင်ခြင်း မရှိဘဲ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးကျန်လေးဦး မှာ လွတ်မြောက်သွားကြောင်း သိရ သည်။

အဆိုပါထွက်ပြေးသွားသည့် အကျဉ်းသား လေးဦးမှာ ၂ဝ၁၇ ခုနှစ် ခြောက်လပိုင်းက ဓားပြတိုက်မှု၊ ဆိုင်ကယ်ခိုးမှုများ ဖြင့် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေသည့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာနေ ကောင်းလင်းထွန်း အသက် (၃ဝ)၊ ၂ဝ၁၄ ခုနှစ် ခြောက်လပိုင်းက လူသတ်မှုကျူးလွန်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေသူ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နေ ကျော်ရဲအောင် အသက် (၂၈) နှစ်၊ ၂ဝ၁၄ ခုနှစ် ခြောက်လပိုင်းက ကောင်းလင်းထွန်း နှင့်အတူ လူသတ်မှုကျူးလွန်ခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ်ပြစ်ဒဏ်ကျခံနေရသူ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက် သံသုမာ (၂ ) လမ်းနေ သက်မောင်မောင် အသက် (၂၃)နှစ်၊ ဆိုင်ကယ်ခိုးမှု ဓားပြမှုတို့ဖြင့် ၂ဝ၁၇ ခုနှစ် ရှစ်လပိုင်းက ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေသူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ပုဏ္ဏစုရပ်ကွက်နေ မောင်မောင်သန်း(ခ)ရခိုင် အသက် (၄၅)နှစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါလွတ်မြောက်သွားသည့် အကျဉ်းသားလေးဦးကို ရဲတပ်ဖွဲ့ BGF တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေးလက်နက် ကိုင် KNU/KNLA-PC အဖွဲ့တို့ ပူး ပေါင်းပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။