တောင်ကြီးမြို့နယ်တွင် ကေတီဗီအမည်ခံကာ ကိုဗစ်ကာလ အတွင်း ပြည့်တန်ဆာလုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူ ထားကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၉ ရက်ည ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင်ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁)ရပ်ကွက် ဒေါ်တင်မာရီနေအိမ်တွင် နောင်အင်းလေးကေတီဗီ အမည်ခံ၍ပြည့် တန်ဆာ လုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့သည်။
ရဲတပ်ဖွဲ့က အသွင်ယူသက်သေ ၂ ဦးကို အမှတ်အသားပြု လုပ်ထားသည့် တစ်သောင်းကျပ်တန်ငွေစက္ကူ(၃)ရွက်ကို ပေးအပ်စေလွတ်ခဲ့သည်။ထို့နောက် အဆိုပါနေအိမ်ကို နယ်ထိန်းအရာရှိဒုရဲအုပ်ရဲနောင်နှင့်အဖွဲ့ကဝင်ရောက်ရှာဖွေဖမ်းဆီးရာကေတီဗီဖွင့်လှစ်သည့်နေအိမ်အတွင်းအခန်းတစ်ခန်းတွင် ပြည့်တန်ဆာကိစ္စပျော်ပါးနေသူ အမျိုးသမီးနှစ်ဦးကို အသွင်ယူ သက်သေ ၂ ဦးနှင့်အတူဖမ်းမိခဲ့သည်။ပြည့်တန်ဆာပျော်ပါးရာတွင်အသုံးပြုသောအနီရောင်အစွပ်ပါခေါင်းအုံးတစ်လုံး၊အိုကေတံဆိပ်ပါနှင်း ဆီပွင့်ပါအနီရောင်အိပ်ယာခင်း(၁)ခု၊မီးခိုးရောင်စောင်တစ်ထည်နှင့်အသွင်ယူသက်သေနှင့်ပျော်ပါးသူအသက်(၂၀)နှစ်အရွယ် အမျိုးသမီးနှစ်ဦး နှင့်အိမ်ရှင်မတင်မာရီ(၃၀)နှစ်ကိုတွေ့ရှိဖမ်းမိခဲ့သည်။ အသွင်ယူ သက်သေ ၂ ဦးကို ပေးအပ်ခဲ့သည့်အမှတ်အသားပြု လုပ်ထားသည့် တစ်သောင်းကျပ်တန်ငွေစက္ကူ(၃)ရွက်ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။
နောင်အင်းလေး၊KTVအဖြစ် လုပ်ကိုင်သည့်အိမ်ရှင်ဖြစ်သူဒေါ်တင်မာရီ၏အခန်းခြေရင်းရှိမြေအောက်အခန်းငယ်အတွင်းပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ပျော်ပါးရန် စောင့်ဆိုင်းနေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ၎င်းတို့အားလုံးကို အေးသာယာနယ်မြေရဲစခန်းတွင်(ပ)၁၁၁/၂၀၂၀ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ပပုဒ်မ၃(က )/၅ (၁)အရ အမှုဖွင့်အရေးယူထားသည်။

















