အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာရောင်းချမှု မပိတ်ပင်ရန် တောင်းဆို

အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာရောင်းချမှု မပိတ်ပင်ရန် တောင်းဆို

အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာရောင်းချမှု ပိတ်ပင်ထားသောကြောင့် အသေးစားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေရသဖြင့် ယင်းပိတ်ပင်ချက်ကို ရုပ်သိမ်းပေးရန် ထိုင်းအဖျော်ယမကာရောင်းချသူများက လွှတ်တော်သို့ စက်တင်ဘာ ၁၀ ရက်တွင် အသနားခံခဲ့သည်။

COVID-19 ကြောင့် ကူးသန်းသွားလာမှု ကန့်သတ်ထားစဉ်အတွင်း အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာ ဝယ်ယူမှုမြင့်တက်လာပြီးနောက် အစိုးရက ယခုအပတ်တွင် ယင်းရောင်းချမှုကို ပိတ်ပင်ခဲ့သည်။ အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာရောင်းချမှုကြောင့် အသက်မပြည့်မီ အရက်သောက်သုံးသူဦးရေ တိုးလာခဲ့ကြောင်း အစိုးရကပြောဆိုခဲ့သည်။

ထိုင်း၌ ဧပြီတွင် ဆိုင်များ၌ အဖျော်ယမကာမရောင်းချရန် ရက်သတ္တပတ်သုံးပတ်ပိတ်ပင်ခဲ့သည်။ အွန်လိုင်းမှတစ်ဆင့် အဖျော်ယမကာရောင်းချမှုကို ပိတ်ပင်လို၍ လူငယ်များကို အသုံးမချသင့်ကြောင်း ဘီယာကွန်ရက်၏ကိုယ်စားလှယ် ဆူပါပွန်း ပရူယံဂလမ်ပူးကပြောဆိုခဲ့သည်။

ယခုပိတ်ပင်မှုသည် ဒီဇင်ဘာအစောပိုင်းတွင် သက်ရောက်မည်ဖြစ်ပြီး ချိုးဖောက်ပါက ဘတ် ၁၀၀၀၀( ၂၄၅ ဒသမ ၄၅ ပေါင်) နှင့်ထောင်ဒဏ်ခြောက်လကျခံရမည်ဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။