တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုနှုန်း တဖြည်းဖြည်း တိုးမြင့်လာနေ

တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုနှုန်း တဖြည်းဖြည်း တိုးမြင့်လာနေ

တောင်ကိုရီးယား၌ ဘုရားကျောင်းတစ်ခု၏ ဘာသာရေးအခမ်းအနားတစ်ခုနှင့် နိုင်ငံရေး ဆန္ဒပြပွဲတစ် ခုမှတစ်ဆင့် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်လာပြီးနောက် နေ့စဉ်ကူးစက်မှုနှုန်း တရိပ်ရိပ် တက်လာနေကြောင်း သိရသည်။ 

ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၀ ရက်၌ ကူးစက်သူသစ် ၁၇၆ ဦး ရှိခဲ့ခြင်းကြောင်း သိရသည်။ တောင်ကိုရီးယား၌ COVID-19  ကူးစက်သူ ၂၁၉၁၉ ဦးနှင့် သေဆုံးသူ ၃၅၀ ဦး ရှိနေပြီဖြစ်သည်။

ဘုရားကျောင်းတစ်ကျောင်းနှင့် ဆန္ဒပြပွဲတစ်ခုမှ စတင်ခဲ့သော ကူးစက်မှုလှိုင်းကြောင့် ပြီး ခဲ့သည့်လများတွင် တောင်ကိုရီးယား၌ တစ်ရက်အတွင်း ကူးစက်သူ ၄၄၁ ဦးအထိ မြင့် တက်ခဲ့သည်။ လွန်ခဲ့သောလတွင် အာဏာပိုင်များက ကူးသန်းသွားလာမှုဆိုင်ရာ ကန့် သတ်ချက်များ ချမှတ်ခဲ့ပြီးနောက် နေ့စဉ်ကူးစက်သူသစ်ဦးရေသည် ၁၀၀ ဝန်း ကျင်သို့ ရောက်ရှိခဲ့သည်။ သို့သော် ဘုရားကျောင်းနှင့် ဆန္ဒပြသူများနှင့် ဆက်စပ်ကူးစက်မှုများ လျော့ကျသွားသော်လည်း ယခုသီတင်းပတ်တွင် ကူးစက်မှုများ ပြန်လည်ဦးမော့လာနေသည်။

လက်ရှိတွင် ဆိုးလ်မြို့၏မြို့ပြဧရိယာအတွင်း ဘာသာရေးအရစုဝေးမှုများ၊ ရုံးခန်းများနှင့် ကျန်းမာရေးဌာနများမှတစ်ဆင့် ဟိုနားတစ်စ သည်နားတစ်စ ကူးစက်မှုများရှိနေသည်။ စက်တင်ဘာ ၁၀ ရက်တွင် ရှိခဲ့သော ပြည်တွင်းကူးစက်သူ ၁၆၁ ဦး၏ ၇၂ ရာခိုင်နှုန်းသည် ယင်းနေရာများမှ ဖြစ်ကြောင်း သိရသည်။

ကူးစက်သူဦးရေ တစ်ရိပ်ရိပ်တိုးနေသောကြောင့် အစိုးရသည် ကန့်သတ်ချက်စည်းမျဉ်းများကို သက်တမ်းတိုးရမည်၊ လျှော့ပေါ့ရမည်ကို ဆုံးဖြတ်ရခက်လာပြီး အလွန်အမင်းစိုးရိမ်စရာကောင်းလာခဲ့ကြောင်း ဝန်ကြီးချုပ် ချွန်းဆြဲကျွန်းက ပြောဆိုခဲ့သည်။

''လူတွေ အနစ်နာခံပေးထားတာတွေနဲ့ စပ်လျဉ်းပြီး ကန့်သတ်ချက်စည်းမျဉ်းတွေကို ရုပ်သိမ်းလိုက်တာက မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ ဖြေလျှော့မှုတွေဟာ ဗိုင်းရန်ပ်စ်ကို ပြန် လည်ပျံ့နှံ့စေပြီး ပြည်သူကို ပိုပြီး ထိခိုက်နစ်နာစေမှာကိုတော့ ကျွန်တော်တို့ အင်မတန်ပဲ စိုး ရိမ်မိပါတယ်'' ဟု ချွန်က အစည်းအဝေးတစ်ခုတွင် ပြောဆိုသွားခဲ့သည်။