ဘရိုက်တန်နှင့်ပွဲတွင် ဇီယက်ချ်၊ ချီဝဲလ်နှင့် တီယာဂိုဆေးလ်ဗားတို့ ပါဝင်မည်မဟုတ်

ဘရိုက်တန်နှင့်ပွဲတွင် ဇီယက်ချ်၊ ချီဝဲလ်နှင့် တီယာဂိုဆေးလ်ဗားတို့ ပါဝင်မည်မဟုတ်

ဘရိုက်တန်နှင့်ကစားမည့် ပရီးမီးယား လိဂ်အဖွင့်ပွဲတွင် ကစားသမားသစ်များဖြစ် သော ဇီယက်ချ်၊ ချီဝဲလ်နှင့် တီယာဂိုဆေးလ် ဗားတို့ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြော ကြားခဲ့သည်။

မော်ရိုကိုတောင်ပံကစားသမား ဇီ ယက်ချ်မှာ သြဂုတ်လက ဘရိုက်တန်နှင့် ပင် ကစားခဲ့သောခြေစမ်းပွဲ၌ ဒူးဒဏ်ရာ ရရှိခဲ့သူဖြစ်သည်။ လက်ရှိတွင် ချယ်လ်ဆီး ကစားသမားသစ်များအနက် သုံးဦးမှာ ဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန် နေရသည်။

ချယ်လ်ဆီးနည်းပြလမ်းပတ်က ''ဘရိုက် တန်နဲ့ခြေစမ်းပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ ဇီ ယက်ချ်ဟာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်နေ မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့အခြေအနေကို စောင့်ကြည့်ရဦးမှာပါ။ ကြံ့ခိုင်မှု ပြည့်ဝဖို့ကြိုးစားနေရတဲ့ နောက်ခံလူချီ-ဝဲလ် ကလည်း ဘရိုက်တန်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ တီယာဂိုဆေးလ်ဗားကတော့ လန်ဒန်ကိုရောက်နေပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း မဆင်းနိုင်သေး ပါဘူး။ သူလည်း ဝင်ကစားဖို့မသေချာဘူး''ဟု ပြောကြားခဲ့သည်။

ရာသီသစ်၌ ချယ်လ်ဆီး၏ ကျောနံပါတ် ၁ဝ ဂျာစီကိုဝတ်ဆင်ကစားခွင့်ရမည့် အမေရိကန်ကစားသမား ပူလီဆစ်မှာ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော် အနား ယူခဲ့ရပြီးနောက် ဘရိုက်တန်နှင့်ပွဲတွင်ပါဝင် ကစားနိုင်မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်း ခေါင်းဆောင် အပီလီကျူရေတာမှာလည်း ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲတွင်ရခဲ့ သောဒဏ်ရာမှာ ပြန်ကောင်းလာ၍ ဘရိုက် တန်နှင့်ပွဲကို ဝင်ကစားရန်ရှိနေသည်။

ချယ်လ်ဆီးသည် စက်တင်ဘာ ၁၄ ရက်၌ ပရီးမီးယားလိဂ် ပွဲစဉ်(၁)အဖြစ် ဘရိုက်တန်ကွင်းသို့ သွားရောက်ကစားမည် ဖြစ်သည်။ ချယ်လ်ဆီးသည် ၂ဝ၁၉-၂ဝ ရာသီက ပရီးမီးယားလိဂ်တွင် အဆင့်(၄) ဖြင့် ပန်းဝင်ခဲ့သည်။

ချယ်လ်ဆီးသည် အပြောင်းအရွှေ့ဈေး ကွက်အတွင်း ကစားသမားသစ်များခေါ်ယူ ရန် ပေါင်သန်း ၂ဝဝ နီးပါးအသုံးပြုထားကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး