မြဝတီမြို့ရှိ Quarantine Centre တစ်ခုမှ အမျိုးသားနှစ်ဦးထွက်ပြေးသဖြင့် ဖမ်းဆီးအရေးယူ

မြဝတီမြို့ရှိ Quarantine Centre တစ်ခုမှ အမျိုးသားနှစ်ဦးထွက်ပြေးသဖြင့် ဖမ်းဆီးအရေးယူ

မြဝတီမြို့ရှိ ရွှေမြဝတီ (MoU Quarantine) စင်တာတွင် Quarantine ဝင်ရောက်နေသည့်အမျိုးသား နှစ်ဦးထွက်ပြေးသွားသဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁ဝ ရက် နံနက် ၉ နာရီခွဲခန့်က ရွှေမြဝတီ MoU Quarantine Centre၌ မြဝတီမြို့ ရွှေမြဝတီ(Quarantine Centre)၏ တာဝန်ခံ မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူးဦးသန်းထွန်းနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများပေးနေစဉ် စက်တင်ဘာ ၉ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့မှ မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန် လည်ဝင်ရောက်လာသည့် မြဝတီမြို့မင်းလက်ပံကျေးရွာနေသူများဖြစ်သည့် ဇင်မျိုးလတ် အသက်(၃၄)နှစ်နှင့် ဝင်း ဇော်ထွေး(ခ)အငယ်လေး အသက်(၂၁)နှစ်တို့နှစ်ဦးသည် အဆိုပါစောင့်ကြည့် စင်တာမှ ထွက်ပြေးသွားကြောင်းသိရှိခဲ့ သည်။

ထို့ကြောင့် မြဝတီမြို့ အတွင်း/ အပြင် အနီးပတ်ဝန်းကျင်အား နယ် မြေခံရဲတပ်ဖွဲ့နှင့် ရပ်ကျေးတာဝန်ရှိ သူများမှ လိုက်လံစုံစမ်းရှာဖွေရာ နံနက် ၁၁ နာရီခွဲအထိ ရှာဖွေမတွေ့ရှိဘဲ ပျောက်ဆုံးနေလျက်ရှိပြီး ရွှေမြဝတီ စခန်းတာဝန်ခံ ဦးသန်းထွန်းမှ မြဝတီ မြို့မရဲစခန်းသို့လာရောက်၍ ဥပဒေ အရအရေးယူပေးရန် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နယ်မြေခံရဲတပ်ဖွဲ့၏စုံစမ်းရှာဖွေမှုကြောင့် အမှုမှတရားခံ ဇင်မျိုးလတ်နှင့် ဝင်းဇော်ထွေး(ခ) အငယ်လေးတို့ နှစ်ဦးအား လိုက်လံ စုံစမ်းရှာဖွေရာ မွန်းလွဲ ၂ နာရီခန့်တွင် ၎င်းတို့နှစ်ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်မျိုးလတ်နှင့် ဝင်းဇော်ထွေး(ခ)အ ငယ်လေးတို့နှစ်ဦးအပေါ် စက်တင်ဘာ ၁ဝ ရက်တွင် မြဝတီမြို့မရဲစခန်းမှ (ပ) ၄၉၂/၂ဝ၂ဝ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး