မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် စက် တင်ဘာ ၁ဝ ရက် ည ၁ဝ နာရီ ၅ မိနစ် ခန့်က Quarantine ထားသည့်ကိစ္စ မကျေနပ်၍ ဝိုင်းဝန်းထိုးကြိတ်ရာမှ ရပ် ကွက်အုပ်ချုပ်ရေးမှူးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့သည်။
ဖြစ်စဉ်မှာ ဦးအောင်ငွေ အသက် (၆၈)နှစ် အုပ်ချုပ်ရေးမှူး အောင်ဇေယျာ ရပ်ကွက် မိတ္ထီလာမြို့နေသူသည် စက် တင်ဘာ ၆ ရက်တွင် ရန်ကုန်မှပြန်လာ သော ဦးသက်ထွဋ်နိုင်တို့ မိသားစုသုံး ဦးအား အောင်ဇေယျာရပ်ကွက် အ ခြေခံပညာအထက်တန်းကျောင်းခွဲတွင် Facility Quarantine ဝင်ရောက်ရန် ထားရှိခဲ့သည်။
စက်တင်ဘာ ၉ ရက် တွင် ထိုထားရှိခဲ့သူသုံးဦး၌ COVID-19 ပိုးတွေ့ရှိ၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ပို့အပ်ရမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ဦးချမ်းငြိမ်းအောင်က ဖုန်းဆက် အကြောင်းကြားသဖြင့် ထိုနေ့ည ၉ နာရီခွဲတွင် အဆိုပါကျောင်းရှေ့၌ ရာ အိမ်မှူးများနှင့်အတူ စောင့်ဆိုင်းနေစဉ် အောင်ဇေယျာရပ်ကွက် နယ်မြေ (၆)နေသူများဖြစ်သော ဦးမင်းမင်းစိုးအသက်(၃၅)နှစ်၊ ဦးမြင့်လွင်အသက် (၅၂)နှစ်၊ လွန်းထက်ပိုင် အသက်(၂၅) နှစ်၊ ကိုဘူးသီး(ခ)ကိုသန်းဌေး အသက် (၄၉)နှစ်တို့ လေးဦးက ကျောင်းရှေ့သို့ ရောက်ရှိလာပြီး Quarantine ထား သည့်ကိစ္စမကျေနပ်ကြောင်း ပြောဆိုရာမှ အုပ်ချုပ်ရေးမှူးဦးအောင်ငွေနှင့် ၎င်းတို့ လေးဦးအပြန်အလှန် စကားပြောဆိုနေ ကြစဉ် ဦးမင်းမင်းစိုးက ဆဲဆို၍ လက် သီးဖြင့် လေးချက်ထိုးခဲ့ပြီး ကျန်သုံးဦး ကလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။
ထိုသို့ထိုးကြိတ်ခဲ့သဖြင့် အုပ်ချုပ် ရေးမှူးတွင် အောက်နှုတ်ခမ်းကွဲ၊ သွား လေးချောင်းနဲ့ဝဲပါးဖူးရောင်၊ ဝဲလက် သန်းဖူးရောင်နာကျင်၊ ဝဲချိုစောင်းနာ ကျင်ဒဏ်ရာများရရှိခဲ့သဖြင့် (အတွင်း လူနာ မစိုးရိမ်ရ) မိတ္ထီလာပြည်သူ့ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိ ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာများ ရရှိအောင်ပြုလုပ်ခဲ့သူ ဦးမင်းမင်းစိုးပါ လေးဦးအား ဥပဒေအရ အရေးယူပေးပါ ရန် ဦးအောင်ငွေက တရားလိုပြုလုပ်တိုင် တန်းသဖြင့် မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေရဲစခန်းက(ပ)၃၃၆/၂ဝ၂ဝ၊ ရာဇ သတ်ကြီးပုဒ်မ- ၃၃၂/၂၉၄/၁၁၄ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
















