မြဝတီမြို့တွင် ဆိုင်ကယ်မောင်း နှင်လာသူအား အမည်မသိအမျိုးသား တစ်ဦးက လေသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ဝ ရက် ည ၁ဝ နာရီက မြဝတီမြို့အမှတ်(၄) ရပ်ကွက် ဇရစ်ချောင်းကျေးရွာနေ ဦး ရွှေဝင်းသည် သုံးဘီးဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် ကျေးရွာအလယ် လမ်းသို့ အရောက် အမည်မသိအမျိုးသား တစ်ဦးက သုံးဘီးဆိုင်ကယ်ကိုရပ်ခိုင်း သဖြင့် မိုးချုပ်နေပြီဖြစ်၍ အန္တရာယ်ကို စိုးရိမ်ပြီးမရပ်ပေးဘဲ ဆက်မောင်းရာ အဆိုပါအမျိုးသားက ၎င်းကိုင်ထားသော လေသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝဲ ဘက်လက်မောင်းအတွင်းဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ဦးရွှေဝင်းက သက်ဆိုင် ရာ အမှတ်(၄)အုပ်ချုပ်ရေးရုံးသို့ သတင်း ပေးပို့ရာ ဆယ်အိမ်မှူးဒေါ်ချိုနှင့် ရာ အိမ်မှူး ဦးစိုးသန်းတို့က မြဝတီပြည် သူ့ဆေးရုံကြီးသို့တင်ပို့ပေးပြီး နယ်မြေ ခံ ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့မှလေသေနတ်ဖြင့် ပစ်သူအား ဆက်လက်စုံစမ်းဖော်ထုတ် ရာဇရစ်ချောင်းကျေးရွာနေ စောမူးဝါး နေအိမ်သို့ အလည်ရောက်ရှိနေသည့် နိုင်ဦး အသက် (၃ဝ)ဆိုသူကို ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
သို့ဖြစ်၍ လေသေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သူ နိုင်ဦး အသက်(၃ဝ)နေရပ်လိပ်စာ(စုံစမ်းဆဲ)အား ဦး ရွှေဝင်းက တရားလိုပြုလုပ်တိုင်ကြားသ ဖြင့် မြဝတီမြို့မရဲစခန်းက(ပ) ၄၉၃/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

















