ရိုးမားမှ အီတလီသား ဖလိုရန်ဇီကို အငှားစာချုပ်ဖြင့် ပီအက်စ်ဂျီခေါ်ယူ
ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီသည် ရိုးမားအသင်းမှ အီတလီနောက်ခံလူတစ်ဦးဖြစ်သော ဖလိုရန်ဇီကို အငှား စာချုပ်တစ်ရပ်ဖြင့်ခေါ်ယူနိုင်ခဲ့ကြောင်း ဂိုးလ်ကွန်ကဖော်ပြ ခဲ့သည်။
ဖလိုရန်ဇီသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ရိုးမားမှဗလင်စီယာသို့ အငှားသွားရောက်ကစားခဲ့ရပြီးနောက် ယခုအခါ ပီအက်စ်ဂျီသို့ရောက်ရှိခဲ့သည်။ ပီအက်စ်ဂျီကစားသမားတစ်ဦးဖြစ်လာ၍ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖလိုရန်ဇီက ပြောသည်။
ဖလိုရန်ဇီသည် ရိုးမား၌ကစား ခဲ့စဉ် ဒူးဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ရိုးမားကစားသမားဘဝ ပွဲပေါင်း ၂၈ဝ ကျော်ကစားခဲ့သည်။
အသက်(၂၉)နှစ်အရွယ် နောက်ခံလူဖလိုရန်ဇီသည် အီတလီလက်ရွေးစင်အသင်းအတွက် ၃၆ ပွဲပါဝင်ကစား ထားသူဖြစ်ပြီး ပီအက်စ်ဂျီတွင် လက်ရွေးစင်ကစား ဖော် ဘာရက်တီနှင့် ပြန်လည်ပူးပေါင်းခွင့်ရမည်ဖြစ်သည်။















